ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ကုလဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ရွှေ့ဆိုင်း

နယူးယောက်၊ ဇန်န၀ါရီ-၁၆-၂၀၁၉
မျိုးဆက် (VOM)
ရခိုင်ပြည်နယ်တွင် တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို မြန်မာအစိုးရဘက်က ရွှေ့ဆိုင်းလိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက ရခိုင်ပြည်နယ်ကို လာဖို့စီစဉ်ထားပေမယ့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေတွေကြောင့် ခရီးစဉ်ကို မြန်မာဘက်က ကာလရွှေ့ဆိုင်းခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီမာဟီစစ်က ပြောပါတယ်။
ဒီလို ခရီးစဉ်ရွှေ့ဆိုင်းတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးက တစ်စံတစ်ရာ တုံ့ပြန်တာတော့ မရှိသေးပါဘူး။ ဖိလစ်ပိုဂရန်ဒီရဲ့ ခရီးစဉ်ရွှေ့ဆိုင်းလိုက်တာအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းရှာရန်ဂျာဘာဂျင်နာရဲ့ မသေချာသေးတဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် ဘင်္ဂါလီပြသနာကိုဖြေရှင်းဖို့ အာမခံချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်ဖို့ တုံ့ဆိုင်းနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဘင်္ဂါလ်ီပြသနာကို ဖြေရှင်းရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲအဆိုပြုဖို့ မြန်မာတာဝန်ရှိသူတွေအတွက် နောက်ဆုံးအချိန်သတ်မှတ်ချက်ပေးမယ့် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ဗြိတိန်နိုင်ငံက ဒီဇင်ဘာလအတွင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေထံ ဖြန့်ဝေထားပါတယ်။ သို့သော် ဗြိတိန်ကတင်သွင်းထားတဲ့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကန့်ကွက်ထားပြီး ဒီမူကြမ်းအပေါ် ပါဝင်ဆွေးနွေးဖို့ ငြင်းပယ်ထားပြီး မူကြမ်းကို အတည်မပြုနိုင်ဖို့အတွက် ၎င်းတို့အနေနဲ့ ဗီတိုအာဏာအသုံးပြုဖွယ်ရှိနေပါတယ်။
Ref: AFP Photo : AFP
#voiceofmyanmar#ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဖိလစ်ပိုဂရန်ဒီဟ

 

Related posts

Leave a Comment

VOM News

FREE
VIEW