အာဆင်နယ်ဂိုးသမား ပီတာချက် ကစားသမားဘဝက အနားယူတော့မည်

လန်ဒန်၊ ဇန်န၀ါရီ-၁၆

ရန်နိုင်ထွန်း (VOM)

လက်ရှိပရီးမီးယားလိဂ်ရာသီကုန်မှာ ကစားသမားဘ၀ကနေ အနားယူတော့မှာဖြစ်တယ်လို့ အဆင်နယ်အသင်း ဂိုးသမား ပီတာချက်က ဇန်န၀ါရီ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ အများဆုံးရရှိအောင် စံချိန်တင်နိုင်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ၀ါရင့်ဂိုးသမား ပီတာချက်ကတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နှစ် ၂၀ ကြာဖြစ်သန်းပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၅ နှစ်တိုင်ကစားခဲ့တဲ့ ပီတာချက်အနေနဲ့ အသင်းဟောင်းချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား လေးကြိမ်နဲ့ လိဂ်ဖလား သုံးကြိမ်ရရှိခဲ့ပြီး အင်္ဂလန်မြေမှာ လာရောက်ကစားတဲ့အချိန်တွေအတွင်း ဆုဖလား ၁၈ ခုအထိရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ယခုရာသည်ဟာ မိမိအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၂၀ ရာသီမြောက်ဖြစ်ပြီး ဒီရာသီကုန်ရင် ကစားသမားဘ၀အနားယူဖို့ သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ ကစားသမားဘ၀မှာ ရယူချင်ခဲ့တဲ့ ဆုဖလားအားလုံး ရယူနိုင်ခဲ့လို့ ရည်မှန်းချက်တွေအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါလို့ ပီတာချက်ကပြောပါတယ်။

ကစားသမားဘ၀ကနေအနားယူတော့မယ့် ၎င်းကိုတော့ အသင်းဟောင်းချယ်ဆီးက နည်းပြအဖွဲ့ထဲမှာ ထည့်သွင်း ဖို့နဲ့ ချယ်ဆီးအသင်းရဲ့ သံတမန်အဖြစ် ခန့်အပ်ဖို့လည်း စီစဉ်နေတယ်လို့ဆိုပါတယ်။

Ref: Daily Mail Photo :BPI/REX

#voiceofmyanmar#အာဆင်နယ်ဂိုးသမား#ပီတာချက်

Related posts

Leave a Comment

VOM News

FREE
VIEW