ဂီတနဲ့ ပတ်သက်ရင် အရှုံးအမြတ် မတွက်ဘူးဆိုတဲ့ အောင်ထက်

ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉
သင်းသဒ္ဒါ (VOM)
အိပ်မက်ဆုံရာက အဆိုတော် အောင်ထက်ကတာ့ ဂီတနဲ့ ပတ်သက်ရင် အရှုံးအမြတ် မတွက်ဘူးဆိုပါတယ်။ 
‘ ကျွန်တော်အနေနဲ့ ဂီတနဲ့ ပတ်သက်ရင် ရှုံးခြင်း မြတ်ခြင်းကို မကြည့်ပဲလုပ်ဆောင်ဖြစ်တယ် ။ငွေကြေးထက် အနုပညာ အလုပ်ကို အမြဲတမ်းလုပ်ကိုင်ခွင့်ရချင်တာပါ။ ဂီတဆိုတဲ့ အရာကိုအမြဲတမ်း ဖက်တွယ်ပြီးတော့ နေနေရရင် ကျွန်တော့်အတွက်က အရာရာတိုင်အဆင်ပြေပါတယ်။ ဂီတလုပ်နေရရင်ပဲ အောင်မြင်မှု ရတယ်လို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ် ။
သူကတော့ လတ်တလော နန်းစံသူ ပိုးထည်တိုက်မှာ အဆိုတော်တွေဖြစ်တဲ့ ဖြိုးပြည့်စုံ ၊ ဇွဲပြည့် ၊ဖိုးပြည့်(မင်းသားကြီး) ၊ ထက်လျှံမှူး(မွန်မလေးစီသို့)၊ ဇင်ဘိုထက်(ဂေါင်)၊ခင်စုစုနိုင် ၊ ဂေဂေး ၊ ဝတ်ရည်ထက်တိုနဲ့အတူ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
”ကျွန်တော် နှစ် အခွေထဲက သီချင်းတွေ တော်တော်များများတော့ ရိုက်ကူးတာ ပြီးနေပါပြီ ။ ကြယ်ကတော့ ၂ ပုဒ်ပဲ ပြီးပါသေးတယ်။  နှစ် ထဲက သဘာဝနဲ့ တွေ့ဆုံခြင်း သီချင်းလေးကတော့ ပရိသတ်အကြိုက်တွေ့စေခဲ့လို့ ရိုက်ကူးမှု အပိုင်းစိတ်တိုင်း မကျခဲ့လို့ ပြန်ရိုက်တာတွေ လုပ်ဆောင်နေပါတယ်”လို့ ဆိုပါတယ်။ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ”နှစ်” သီချင်းခွေရဲ့ အမ်တီဗီရိုက်ကူးမှုတွေ လုပ်ဆောင်နေသလို သူငယ်ချင်းဖြစ်သူ အဆိုတော် ဖြိုးပြည့်စုံ နဲ့အတူ သီဆိုထားတဲ့ ” ကြယ်” သီချင်းခွေကိုလည်းအမ်တီဗီကိုထပ်မံ ရိုက်ကူးနေတယ်လို့ သိရတယ်။
ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW