” ဆေး “သီချင်းကြောင့် ငယ်မူပြန်ရမလိုဖြစ်နေတဲ့ကော်နီ

ရန်ကုန် ဇန်နဝါရီ ၂၀- ၂၀၁၉

သင်းသဒ္ဒါ (VOM)

ဂီတသက်တမ်း နှစ် ၃၀လောက် ပရိသတ်ကို အသံအားပြင်းပြင်းနဲ့ ဆွဲဆောင်ခဲ့တဲ့ ကော်နီကတော့ ဆေးသီချင်းကြောင့် ငယ်မူပြန်ရမလိုဖြစ်နေတယ် လို့ ဆိုပါတယ်။

”ခုချိန်မှ ဆေး သီချင်းကြောင့် မကော်အသစ် တဖန်ငယ်မူပြန်ရမလိုဖြစ်နေတယ်၊ အမှန်တော့ မကော်က ကိုယ်ကိုကိုယ်အဖွားကြီးဖြစ်နေပြီလို့ ထင်ထားတာပါ။စိတ်နှလုံးကိုလည်း ဒုံးဒုံးချထားတယ်။ ဒီဆေး သီချင်းကို ပေါက်မယ်လို့လည်း မထင်ခဲ့ဘူး ။ကိုယ့် ပရိသတ်တွေ ငါ့ကို လွမ်းနေပါလားလို့ ခံစားမိတယ်။စိတ်နဲ့ခွန်းအားတွေထပ်ရလာတယ် ။ ငါ့ဒါထက် ပရိသတ်တွေ ပေးဆပ်ပြီးတော့ ကြိုးစားရဦးမယ် လို့ တွေးမိတယ်။ ဒီသီချင်းက ဝေကြီးရဲ့ ဝှက်ဖဲ လေးလို့ မကော်ထင်ပါတယ်”လို့ဆိုပါတယ်။

သူမကတော့ ဆေးသီချင်း သရုပ်ဆောင်တဲ့ ပတ်သက်ပြီးတော့ မကော် အိပ်ရေး ပျက်နေတဲ့တွင် အချိန်တွင် ရိုက်ကူးထားတာဖြစ်ပြီးတော့ မုဒ်ကကောင်းတာတော့ မဟုတ်ပါဘူး။ လူကနည်းနည်း အိပ်ရေးပျက်တော့ အူကြောင်ကြောင်ဖြစ်ဖြစ်ပြီး ဆွေးသလိုဖြစ်သွားတယ်လို့ သိရပါတယ်။

”  မကော်ရဲ့ ဆေး ဆိုတဲ့ သီချင်းကို ဆိုချင်စိတ်ဖြစ်ပေါ်လို့ ဆိုဖြစ်သွားတာပါ။ဒါပေမယ့်  သာမန်မိန်းကလေးဆိုသလို ပျော့ပျော့ပေါ့ပေါ့လေး ဆိုတာမဟုတ်ပါဘူး။မိန်းကလေးရဲ့ ခံစားချက်တစ်ခုပေါ်လွင်အောင်ပေါ့ ကိုယ့်ကို ဒီလိုလုပ်ရလား။ ပေါက်ကွဲမှု တစ်ခုရဲ့ မုဒ်ကိုထည့်ပြီးတော့ မာန်ပါပါဆိုထားပါတယ်။ နည်းနည်း အသံက မာသလိုဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar#ကော်နီ#ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW