ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉

သင်းသဒ္ဒါ (VOM)

အလှမယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးလို့ ဆိုပါတယ်။

”အိမ်စည်က ကိုယ့်အတွက် ကောင်းတဲ့ဝေဖန်မှုပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဆေးဆေးပဲနေပါတယ်။ သိပ်စိတ်ထိခိုက်တာလည်း မခံပါဘူး။ကိုယ်နေတတ်သလိုပဲ နေပါတယ်။ ၂၀၁၉ ခုနှစ်မှာအိမ်စည်ပျော်ရွှင်စွာဖြတ်သန်းမယ်။ကြုံလာသမျှ ပြဿနာတွေကို ရင်ဆိုင်ဖို့အသင့်ပဲ။ ပေါ့ပါးလွတ်လပ်စွာနေသွားမှာပါ”လို့ဆိုပါတယ်။

သူမက လက်ရှိမှာတော့ Model ပိုင်းကိုပဲ အသားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။25 % ပညာပေး ရုပ်ရှင်ဇာတ်ကားနဲ့  တခြား ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

 

 

 

ယူနှိုက်တက်ဗီးရှင်းပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ”အိမ်စည်က ခုနောက်ပိုင်း ရိုးရှင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ မိန်းမသားဆန်ပြီးတော့ လှလှလေးနဲ့ လှပြီးဆန်အောင် ဒီဇိုင်နာကို ချုပ်ခိုင်းထားတာပါ”လို့ဆိုပါတယ်။

အလှအပ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ မျက်လုံးအတွက်ပဲဖြစ်ဖြစ် အသား အရည်ပတ်သက်ပြီးပဲ ဖြစ်ဖြစ် သခွားသီးကို စားလည်း မစားဘူး။မျက်လုံးလည်း မကပ်ပါဘူး သခွားသီးနဲ့ ခပ်ဝေးဝေးမှာနေပါတယ်။အိမ်စည် အသက်ငယ်သေးတာလည်း ပါမှာပါ။နောက် ၁၀ နှစ်လောက်နေပြီ ဒီမေးခွန်းကိုလာမေးရင်တော့ တစ်မျိုး ပြောင်းသွားမှာပါလို့ ပြောလာပါတယ်။

 

ဓာတ်ပုံ- သင်းသဒ္ဒါ (VOM)

#voiceofmyanmar#ရွှေအိမ်စည်

Related posts

Leave a Comment

VOM News

FREE
VIEW