ရင်သားပြုပြင်ဖို့ စိတ်ကူးနေတဲ့အလှမယ် နန်းအမရာ

ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉

သင်းသဒ္ဒါ

အလှမယ် မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်လာတဲ့ နန်းအမရာက ရင်သားနည်းနည်းကြီးချင်လို့ အတုထည့်ပြီး ပြုပြင်ဖို့ ဖို့စိတ်ကူးထားတယ်လို့ ဆိုပါတယ်။

“Body Shaming ကတော့ ၀၀ပိန်ပိန် ခုနောက်ပိုင်း လုပ်ဆောင်ကြပါတယ်။ Confidence ရှိရင်တော့ အကောင်းဆုံးပေါ့။ ညီမကိုလည်း မေးကြတယ်။ အတုလား ၊ အစစ်လားလို့ မေးခဲ့ရတာတွေလည်း ရှိပါတယ်။ အမြဲဖြေရပါတယ်။ တကယ်တော့ ညီမရဲ့ခန္ဓာကိုယ့်က အစစ်ပါ အတုတောင်ထည့်ဖို့ စိတ်ကူးရှိပါတယ်။ နည်း နည်းကြီး ချင်လို့ပါ။ ညီမက ဆီလီကွန်ထည့်ထားတာ မဟုတ်ပါဘူး။ ဒီနိုင်ငံက အမျိုးသမီး တော်တော် များများ ရင်သားမရှိကြတာများတယ်။ ညီမကို အတုလို့ ထင်တာနေမယ်။ ညီမအသက်အရွယ်နဲ့ကတော့ ဒီလောက်ရှိ သင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်နဲ့ အဆင်ပြေပြီး ကိုက်ညီမယ်ဆိုရင် ထည့်ကြပါတယ်”လို့ဆိုပါတယ်။

သူမတော့ ထိုင်းမှာ အမ်တီဗီရိုက်ကူးထားသလို စင်ကာပူမှာလည်း ဓာတ်ပုံတွေ ရိုက်ဖြစ်ပါတယ် လို့ သိရပါတယ်။ ဓာတ်ပုံတွေကတော့ ခန္ဓာကိုယ် အသားပေးတဲ့ ပုံတွေ ရိုက်ဖြစ်တာ များပါတယ်ပြီးတော့  အသားအရည် ပတ်သက်တဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကမ်းလှမ်းတဲ့အပေါ် မူတည်ပြီးတော့ ဖက်ရှင်ကိုလည်း ၀တ်ဆင်ဖြစ်ပါတယ်။ Instagram မှာလည်း ဖက်ရှင်တွေကို လေ့လာဖြစ်ပါတယ်။ ဝေဖန်မှု တွေ ရှိလာလည်း ညီမသိပ်ပြီးတော့ ဂရုမစိုက်ပါဘူးလို့ သိရပါတယ်။

ပရိသတ် ဝေဖန်မှုရှိတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး “ချစ်သူကတော့ ဒီနိုင်ငံသားမဟုတ်ပါဘူး။ ၂ နှစ် လောက်ရှိပါပြီ။ သူ့ရဲ့အဖေက မြန်မာအမေကတော့ ပြင်သစ်ပေါ့။ သူနဲ့ စတွေတာကတော့ ကိုယ့်မြန်မာ နိုင်ငံမှာပဲ တွေ့ကြတယ်။ အမြဲတမ်းတော့ မတွေ့ဖြစ်ဘူး။ သူဆီကိုယ်သွားလည်တို့ သူ့ကိုကိုယ့်ဆီပြန် လာတွေ့ တာတွေရှိပါတယ်။ ကိုယ့်ချစ်သူက ဒီနှစ်နိုင်ငံသားမဟုတ်တော့ ဝေဖန်ခံရတာတွေ ရှိပါတယ်။ ချစ်သူနှစ်ဦး တစ်ယောက်အပေါ်တစ်ယောက် ကောင်းတာသိလိမ့်မယ်။ ဝေဖန်မှုတွေ ကတော့ ခဏပါ”လို့ ဆိုပါတယ်။

ဓာတ်ပုံ-  #နန်းအမရာ facebook

Related posts

Leave a Comment

VOM News

FREE
VIEW