ခွင့်ပြုမိန့်မပေးသော်လည်း မန္တလေး မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း ပန္နက်တင်

မန္တလေး ဇန်နဝါရီ ၂၆-၂၀၁၉

ထိန်လင်း (VOM)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူဦးဆောင် ဖွင့်လှစ်ထားတဲ့ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းရဲ့  ၄ထပ်ကျောင်းဆောင်ဆောက်လုပ်ဖို့ကို သက်ဆိုင်ရာက တားမြစ်ထားပါတယ်။ ဒီကနေ့ ပန္နက်တင်အခမ်းအနားမလုပ်ခင်ညက မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဆက်မလုပ်ဖို့ လက်ရောက်တားမြစ်ခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ ပန္နက်တင်အခမ်းအနားကို အမျိုးသားရေးကိုထောက်ခံတဲ့ ဆရာတော်တွေနဲ့ ဒေသခံတွေပေါင်းပြီး ပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားအပြီးမှာ ဆရာတော်ဦးဝီရသူက မဟော်သဓာကျောင်းကို သူတို့မဖြစ်မနေလုပ်ဆောင်မယ့်အကြောင်းကို ခုလိုမိန့်ခဲ့ပါတယ်။

#VOICEOFMYANMAR#ဦးဝီရသူ#မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW