ရသေ့တောင်မြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်ဖြစ်

ရသေ့တောင်၊ ဇန်နဝါရီ ၂၈-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီကနေ့မနက် ၇ နာရီခွဲအချိန်က စတင်ပြီးတော့ မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ရသေ့တောင်မြို့နယ် မြောက်ဘက် အုန်းချောင်းကျေးရွာအနီးမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ သမီးလှကျေးရွာရဲ့ အနီးဝန်းကျင်နေရာမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ မနက်ပိုင်းကတည်းက ဖြစ်နေကြတာပါ။ မနက် ၇ နာရီခွဲလောက်မှာ စဖြစ်ပါတယ်။ ပစ်ခတ်သံတွေကိုရွာကနေ ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တာတွေရှိခဲ့ပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ အုန်းချောင်းကျေးရွာအပြင်ဘက် ရွာနှင့်ကပ်ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာသားတွေအနေန့ စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

“ဖြစ်နေတဲ့နေရာနဲ့ရွာနဲ့က သိပ်မဝေးဘူး။ ရွာနားမှာလို့ပြောလို့ရတယ်။ တောင်နဲ့လယ်ကွင်းပြင်ထဲမှာဖြစ်နေတာ။ ရွာသားတွေကတော့ ကြောက်လန့်နေကြတာပေါ့။ ဘယ်မှမသွားရဲမလာရဲဖြစ်နေကြတယ်။”လို့ ဆက်လက်ပြောကြားပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း သမီးလှကျေးရွာနဲ့ အိုးဖောက်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကျေးရွာကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွပျက်စီးသွားခဲ့ပြီး ကျေးရွာသားတွေထိခိုက် ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲက အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးကို စစ်တွေဆေးရုံမှာလာရောက်ကုသနေပေမယ့် ဒီကနေ့အထိ သတိလစ်နေဆဲဖြစ်ပါတယ်။

#voiceofmyanmar#ရသေ့တောင်

Related posts

Leave a Comment

VOM News

FREE
VIEW