ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းလူမျိုးထဲက ချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရ

ရန်ကုန် ဖေဖော်ဝါရီ ၂-၂၀၁၉

မိုင်ချယ်ရီ(VOM)

၂၀၁၈ ခုနှစ် ရဲ့ ချင်းလူမျိုးထဲက ချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်(2018 Chin Person of the Year) အဖြစ်  ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ကို ချင်းမျိုးနွယ်စုလူမှုရေးအသင်း (၁၉) သင်း စုပေါင်း ပါဝင်ဖွဲ့စည်းထားတဲ့ ချင်းလူမှုရေးအသင်း (ရန်ကုန်)က ရွေးချယ်လိုက်ပါတယ်။

“ သူက ချင်းလူမျိုးများကနေပြီးမှ ဒီလိုမျိုးခေါင်းဆောင် ဒုသမ္မတအဆင့်ထိ ရောက်တာ တစ်ယောက်မှ မရှိသေးပါဘူး၊ သူက ပထမအကြိမ်လဲ ဖြစ်တယ်၊ ချင်းလူမျိုးတွေ အားလုံးအတွက် တကယ့် မွန်မြတ်စရာတစ်ခု ဖြစ်သလို ဒီလိုမျိုးနေရာ ရသွားတော့ ချင်းလူမျိုးတွေ အားလုံးအတွက် အမှန်တကယ် ဂုဏ်ယူစရာ ဖြစ်တာပေါ့” လို့ ချင်းလူမှုရေးအသင်း(ရန်ကုန်) ဥက္ကဌ ဦးပီတာငွန်ဇာကျုံး က ပြောပါတယ်။

ဒီလိုရွေးချယ်ဖို့အတွက် အသင်း (၁၉)သင်းကို လွှမ်းခြုံတဲ့ ဗဟိုအဖွဲ့ဝင်တွေထဲက အဖွဲ့ဝင် (၂၅) ဦးနဲ့ အစည်းအဝေး ပြုလုပ်ပြီးတဲ့နောက်မှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ရွေးချယ်ခံရမှု ဂုဏ်ပြုလွှာ ပေးအပ်ပွဲကိုတော့ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ကျရောက်မယ့် ချင်းအမျိုးသားနေ့မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ချင်းလူမှုရေးအသင်း က ရွေးချယ်ပေးအပ်တာဆိုရင် အရင်နှစ်တွေက တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့အထက်ရပြီး အောင်မြင်သူတွေကို ရွေးချယ်ပေးအပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နှစ်အလိုက် ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပေးအပ်မှုကို ဒီနှစ်မှာ ပထမအကြိမ် ပေးအပ်တာဖြစ်ပါတယ်။

ဒီလို ပေးအပ်တာက ဂုဏ်ပြုလွှာပဲ ပေးအပ်တာဖြစ်ပြီး အခြား ချီးမြှင့်တာတွေလုပ်မှာ မဟုတ်ကြောင်း နဲ့ လာမယ့်နှစ်တွေမှာလည်း ဆက်တိုက်ရွေးချယ် ပေးအပ်မှုတွေ လုပ်သွားတော့မှာ ဖြစ်ပါတယ်။

#voiceofmyanmar#ဒုသမ္မတဦးဟင်နရီဗန်ထီးယူ#ချင်းလူမျိုးချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်အဖြစ်ရွေးချယ်#

 

Related posts

Leave a Comment

VOM News

FREE
VIEW