ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို အချိန်မပေးဖြစ်ဘူးဆိုတဲ့ ပိုင်ဖြိုးသု

ရန်ကုန် ဖေဖော်ဝါရီ ၃-၂၀၁၉

သင်းသဒ္ဒါ(VOM)

ဇာတ်ကားတွေကို အဆက်မပြတ်ရိုက်ကူးနေရတဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို အချိန်မပေးဖြစ်ကြောင်း ”သုက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေတော့ ကိုယ့်ဟာကို အိမ်ထောင်ကျတယ်ဆိုတာ မေ့နေတယ်၊ အိမ်ထောင်ကျတာ သု တစ်လပေါ့၊ သုသုက wedding ပြီးကတည်းက အလုပ်တွေလုပ်နေတယ်၊ အမှန်အတိုင်း ပြောရရင် ကိုဏကြီးကို အချိန်မပေးဖြစ်ဘူး၊ အလုပ်တွေ ရှုပ်နေတာပါ”လို့ပြောပါတယ်။

ဒါရိုက်တာ ဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စေ့စပ်ခဲ့ကြပြီး ဇန်နဝါရီ ၁ရက်နေ့ ညနေ ၆ နာရီမှာက ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

သူမကတော့ လက်ရှိမှာ Central Base Production နဲ့အတူ ဒါရိုက်တာ ခရစ္စတီနားခီ ရိုက်ကူးနေတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ဇဏ်ခီ နဲ့အတူ ရိုက်ကူးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

”သုတို့ လောလောဆယ် ဇာတ်ကားတစ်ဝက်ကျော်ကျော်လောက် ပြီးသွားပါပြီ။ ဒီလ ၈ ရက်နေ့မှာ ပူတာအိုကို သွားရိုက်ဖို့ရှိပါသေးတယ်၊ အဓိက ကိုယ့်သရုပ်ဆောင်အပိုင်းရယ် ၊ မုဒ် ဘယ်လိုသွင်းရမယ်ဆိုတာပဲ သုစဉ်းစား ဖြစ်ပါတယ်၊ အ၀တ်အစားပိုင်းနဲ့ နေရာအခက်အခဲတွေရှိပေမယ့် ထုတ်လုပ်ရေးဘက်က စီစဉ်ပေးပါတယ်”လို့ ပြောပါတယ်။

#voiceofmyanmar#ပိုင်ဖြိုးသု#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW