ကိုယ်တိုင်ရေးသီချင်းတွေနဲ့ တကိုယ်တော်ခွေထုတ်ဖို့ ပြင်ဆင်နေတဲ့ မိစန္ဒီ

ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉

သင်းသဒ္ဒါ(VOM)

အသည်းကွဲ တေးသီချင်းတွေကြောင့် ပရိသတ်အားပေးမှု ပိုမိုရလာတဲ့ အဆိုတော် မိစန္ဒီကတော့ ကိုယ်တိုင်ရေးသီချင်းတွေနဲ့ တကိုယ်တော်ခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“မတ်လမှာ တစ်ကိုယ်တော်ထွက်ဖို့ရှိပါတယ်၊ သမီးကိုယ်တိုင် တစ်ခွေလုံးမှာ တစ်ဝက်လောက်ပြီးနေပြီ၊ စတုတ္ထမြောက်တစ်ကိုယ်တော်လေးကို ထူးထူးခြားခြားဖြစ်အောင် တစ်ခွေလုံး မိစန္ဒီ ကိုယ်တိုင်ရေးဖို့ စီစဉ်ဖြစ်တာပါ၊ နောက်ပိုင်းမှ သီချင်းမကြိုက်တာတို့၊ တေးရေးဆရာတွေဆီက သီချင်းကောင်းကောင်းလေးတွေ ရလို့ရှိရင်တော့ ထည့်မှာပေါ့နော်၊ အမှတ်တရဖြစ်အောင်တော့ တစ်ယောက်တည်းရေးမလားလို့ ၊ ငယ်ငယ်ကတည်းက တကယ်လည်း အိမ်မက်ရှိတယ်၊ အဲဒီဟာကို လုပ်ကြည့်ချင်တယ်လို့၊ မိစန္ဒီက သီချင်းရေးတာ အရမ်း ဝါသနာပါတယ်၊ ဂီတကိုလည်း ချစ်တယ်၊ အဖေ့ကိုလည်း ပြောဖူးတယ်၊ သမီးသာ အဆိုတော်ဖြစ်ခဲ့ရင် အနည်းဆုံးတော့ ကိုယ်တိုင်ရေး အခွေလေးခွေ ထွက်သွားမယ်လို့၊ ဒါ့ကြောင့် ဒီအခွေမှာ တစ်ယောက်တည်း ရေးကြည့်ချင်တာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာ ၄ ခွေမြောက်အခွေက ၄၀ ရာခိုင်နှုန်းပြီးနေပြီး သူမကတော့ မိုနိုပိုလီ ၊ ပစ်တိုင်းထောင် ၊အသဲလေး စတဲ့ သီချင်းခွေတွေကို ထွက်ရှိထားကာ အမေရိကန် အဆိုတော် Lancifer တို့ ပူးပေါင်းဖန်တီးထားတဲ့ ”High-5” ရိုက်လိုက် lyrics video သီချင်းကို ဖြန့်ချိခဲ့ပါတယ်။

ဒါ့အပြင် မကြာခင် ရိုက်ပိုင်းက I love myself (FA) သီချင်းကိုတော့ နီနီခင်ဇော်နဲ့ အတူ တစ်ပုဒ်ဆီ အွန်လိုင်းပေါ်မှာ တင်ထား ခဲ့တယ်လို့ သိရပါတယ်။

“ဘ၀အကြောင်းတွေ လပြည့်ဝန်းလို့ ဘဝအကြောင်းတွေပါမယ်၊ စိတ်ညစ်ပြီးတော့ ရပ်တန့်သွားချင်တဲ့ အရာကိုတွေကို ပုံဖော်ရေးထားတာတွေလည်း ပါပါတယ်၊ ဒီလို သီချင်းတွေ ထည့်ဖြစ်တာကတော့ လူတိုင်းစိတ်ညစ်ကြတယ်လေ၊ အချစ်သီချင်း၊အသည်းကွဲသီချင်းတွေပဲ ပေးနေရတာ မလုပ်ချင်ဘူး၊ ကိုယ့်အသက်အရွယ်လည်း ကြီးလာပြီဆိုတော့ ကိုယ့်ရဲ့ရင့်ကျပ်မှုကို မျှဝေခြင်းသလို၊ ကိုယ့်ရဲ့ အတွေ့အကြုံ့တွေကို မျှဝေချင်တာပေါ့။မိစန္ဒီက ရင့်ကျပ်တယ်ဆိုတာထက် ဘ၀ကိုလည်း နားလည်သွားသလို လူတွေကို နားလည်သလို ဖြည့်လည်းဖြေတတ်သွားပါပြီ”လို့ ဆိုပါတယ်။

သူမကတော့ သူငယ်ချင်းတွေနဲ့ စုပေါင်း၍ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်ကိုလည်း ဖွင့်လှစ်ခဲ့သူဖြစ်ပါတယ်။

#voiceofmyanmar#အဆိုတော်မိစန္ဒီ#

ဓာတ်ပုံ- မိစန္ဒီ facebook

Related posts

Leave a Comment

VOM News

FREE
VIEW