ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့တဲ့အပေါ် စောင့်ကြည့်ပြီး သင့်သလိုဆောင်ရွက်သွားမယ်လို့ အတိုက်အခံတွေဆို

နေပြည်တော် ဖေဖေါ်ဝါရီ ၆-၂၀၁၉
ဒီပ(နေပြည်တော် VOM)

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့် တင်သွင်းခဲ့တဲ့ အဆိုပေါ်မှာတော့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ၄၁၄မဲ ကန့်ကွက်မဲ၁၉၁မဲ ကြားနေမဲ၆မဲနဲ့ လွှတ်တော်က အဆိုကိုအတည်ပြုခဲ့ပါတယ်။

ဒီအပေါ်မှာတော့ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ကိုယ့်ဘက်ကိုယ် လိုတာပဲပြောနေကြပြီးတော့ သင်လျော်တဲ့နည်းလမ်းနဲ့ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့သလို ဗိုလ်မှုးချုပ်မောင်မောင်က ဒီအဆိုကို သဘောမတူခဲ့လို့ ကန့်ကွက်မဲပေးခဲ့တယ် အဆိုက အတည်ပြုပြီးသွားတဲ့အတွက် ကော်မတီဖွဲ့ခဲ့ရင် ဘယ်လိုအချိုးအစားနဲ့ ပါဝင်ရမယ်ဆိုတာ ပြောဖို့စောသေးပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ် ။

#voiceofmyanmar#ဖွဲ့စည်းပုံပြင်ဆင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW