ကြံ့ခိုင်ရေးပါတီကနေ ပါတီဝင်ဘင်္ဂါလီတွေကိုထုတ်ပါယ်ပြီး ရပ်/ကျေးကော်မတီတွေကိုပါဖျက်သိမ်း

စစ်တွေ၊ ဖေဖော်ဝါရီ ၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေနဲ့ ဒေသအခြေစိုက်မီဒီယာတွေ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ပါတီတွင်းဘင်္ဂါလီတွေကို ပါတီဝင်အဖြစ်ထားရှိခဲ့ပြီးတော့ ဘင်္ဂါလီလွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပါယ်လိုက်ပြီဖြစ်ကြောင်း အဲဒီဆွေးနွေးပွဲမှာ ပါတီအတွင်းရေးမှူး ဦးသန်းဝေက ပြောကြားလိုက်ပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေပါတီထူထောင်ခွင့်ရှိတယ်။ ရွေးကောက်ခံပိုင်ခွင့်ရှိတယ်။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောမှာ သူတို့ပါတီအနေနဲ့ အနိုင်ရသွားလို့ရှိရင် ထိန်ချုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ပါတီက ၀င်ပြိုင် ခိုင်းခဲ့တာပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေ ပါတီထူထောင်ခွင့် ရွေးကောက်ခံပိုင်ခွင့်မရရှိတော့ ဘူးဆိုတဲ့အတွက် အကုန်လုံးကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံနဲ့ သံတွဲမြို့နယ်တွေမှာ ဘင်္ဂါလီပါတီဝင်တွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ပါတီအနေနဲ့ ၂၀၁၀ ကနေ ရပ်/ကျေးပါတီတွေဖွဲ့စည်းထားခဲ့ပါတယ်။ အခုအဲဒီဘင်္ဂါလီတွေနေထိုင်တဲ့ ကျေးရွာတွေမှာ ပါတီတွေမဖွဲ့တော့ပါဘူး။ အားလုံးကိုရပ်ဆိုင်းလိုက်တာပါ။”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလမှာ ဘူးသီးတောင်၊မောင်တောမဲဆန္ဒနယ်မြေအတွင်းက အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ် သုံးဦးရှိခဲ့ပြီးတော့ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီအနေနဲ့ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ ပါတီဝင်အင်အားအများဆုံးရှိနေခဲ့တဲ့ပါတီတစ်ခုဖြစ်ပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ပါတီဝင်တချို့ကိုထုတ်ပယ်ခံရသလို အများစုတို့ဟာ ပါတီတွင်းကနှုတ်ထွက်ခဲ့ကြတာကြောင့် ပါတီဝင်ထုရဲ့ သုံးပုံနှစ်ပုံလောက် လျော့ဆင်းသွားခဲ့တယ်လို့ ပါတီဥက္ကဌကပြောပါတယ်။

#voiceofmyanmar#ပြည်ခိုင်ဖြိုးပါတီ#ဘင်္ဂါလီ

Related posts

Leave a Comment

VOM News

FREE
VIEW