ရှစ်နှစ်ကြာမှ တစ်ကိုယ်တော်ခွေ ထုတ်လိုက်တဲ့ ချစ်သုဝေ

ရန်ကုန် ဖေဖော်ဝါရီ ၁၁-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ခေတ်နဲ့သစ်ရဲ့ မေမေဖြစ်တဲ့ အဆိုတော် ချစ်သုဝေကတော့ ရှစ်နှစ်ကြာမှ ကတိလို့ အမည်ပေးထားတစ်ကိုယ်တော်ခွေ ထုတ်လိုက်ပါတယ်။

 

”၈ နှစ် ကြာမှ ခွေထွက်တော့ ထရီဇာ ရင်ခုန်တယ် အသစ်တစ်ယောက်လို့ ပြန်ခံစားမိတာပေါ့။ ပရိသတ်တွေလည်း ကိုယ့်သီချင်းတွေ မေ့နေမလားပေါ့”လို့ဆိုပါတယ်။

 

သူမကတော့ ဒုတိယမြောက် တစ်ကိုယ်တော် “ကတိ” (Promise) တေးအယ် လ်ဘမ်မှာ သီချင်း ၁၀ ပုဒ်ပါဝင်ပြီးတော့ ဝေလ ၊ စံပီး၊ ဇ၀ါ၊ နေ၀ါ နဲ့ လင်းလင်း တို့က ရေးသားဖော်ကျူးပေးထားတယ်လို့သိရပါတယ်။ ဒီခွေမှာ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တွေပါဝင်ပြီးတော့ ဖေဖော်ဝါရီ ၁၄ ရက်တွင် Bo Bo Music Productionကနေ ဖြန့်ချိမှာပါ။

 

” ထရီဇာရဲ့ ဇာတ်ကားကြိုက်ကူးမှုတွေကလည်း အဲအချိန်က ရှိနေတယ်။ ကားရိုက်ရင်က ထရီဇာ က ကိုယ် ၀န်ရှိသွားတယ်။ ကိုယ်ဝန်နဲ့လည်း သီချင်းလေးတွေလည်း ဆိုထားတာပါတယ်။ သမီးလေးတစ်ဖက်နဲ့ အတတ် နိုင်ဆုံးဆိုဖြစ်တယ်။ ဘာကြောင့်ကြာခဲ့လဲဆိုတော့ Studio ၀င်ရင် အင်အားပြည့်နဲ့ စိတ်ကိုတက်ကြွအောင် နေပြီး ဆိုတာမျိုးကို။  ခုခွေမှာတော့ ဦးနှောက်ထဲမှာပဲ သီချင်းတွေကို လေ့ကျင့်ရတယ်။ ရေးချိုးခန်း၊ အိမ်သာထဲမှာမှ ဘယ်လိုနေရာ ဘယ်လိုဆိုမယ်ဆိုတာ ကျင့်ဖြစ်တယ်။ ဟာမိုနီပိုင်းမှာလည်း ကြိုးစားပင်ပန်းလုပ်ရတယ်။ က လေး နှစ်ယောက်ဆိုတော့ ညတွေမှာလည်း အိပ်ရေးမ၀ဘူး။နို့လည်း တိုက်နေရတော့။ သမီးလေးတွေကို လက် လွှတ်လို့ ရသွားတယ်။ကိုယ်တိုင် ကျေနပ်အားရမှ ခွေထုတ်ဖြစ်တာကြောင့် ကြာသွားတာပါ”လို့ဆိုပါတယ်။

 

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW