သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)က ထမနှဲထိုးပွဲ ပြိုင်ပွဲ

စစ်ကိုင်း။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)မှာ ယနေ့ နံနက်ပိုင်းအချိန်က ထမနှဲထိုးပွဲပြိုင်ပွဲကျင်းပ ခဲ့ပါတယ်။

 

အဲ့ဒီ ထမနှဲထိုးပွဲပြိုင်ပွဲမှာသမဝါယမကျောင်းရှိ မေဂျာပေါင်းစုံကပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး ထမနှဲထိုးပြိုင်ပွဲ ကိုသမဝါ ယမ တက္ကသိုလ် (စစ်ကိုင်း)မှာ သင်ကြားပေးလျက်ရှိတဲ့ စီမံခန့်ခွဲမှုပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာန နဲ့ ယခု တက်ရောက်ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများက စုစုပေါင်း အသင်း ၆ သင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

 

ပထဆုကို စီမံခန့်ခွဲမှုပညာဌာနမှ ရရှိခဲ့ပြီး၊ ဒုတိယဆုကိုတော့ ယခုနှစ်တက်ရောက် ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများရရှိခဲ့ပြီး တတိယဆုကို ဘောဂဗေဒပညာဌာန  ရရှိကာ နှစ်သိမ့်ဆုများ အနေနဲ့ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာနတို့က ရရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW