အင်းတော်မြို့နယ်မှာ မူးယစ်ဆေးဝါးများ ကျပ်သိန်း တစ်ထောင့်လေးရာကျော်ဖိုး ဖမ်းဆီးရမိ

ကသာ – ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

 

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမ နန့်မကျိုင်းကျေးရွာအနီး မှာ မောင်းနင်လာတဲ့ ကားတစ်စီးပေါ်က မူးယစ်ဆေးဝါးများ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ည (၇)နာရီ အချိန်က ဖမ်းဆီးရမိခဲ့ပါတယ်။

 

မူးယစ်တပ်စုမှူး ဒုရဲမှူး မျိုးမင်း ၊ ရဲအုပ် ကျော်စိုးလင်း နဲ့ တပ်ဖွဲ့ဝင်များ က သက်သေတွေနဲ့အတူ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး နန့်မကျိုင်းကျေးရွာ လမ်းဆုံမှာ စစ်ဆေးရှာဖွေနေချိန် အင်းတော်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်ကို ဇော်ဘောက် (ခ) မာဒီး မောင်းနင်လာတဲ့ SHN 9I/8631 နံပါတ်ပါ NISSAN AD VAN အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှာ ယာဉ်နောက်ပိတ် အဖုံးအတွင်း ၊ ယာဘက်နောက်တံခါးအတွင်း နဲ့ ယာဉ်နောက်ခန်းယာဘက်ကိုယ်ထည် အတွင်းတို့မှာ  ထည့်သွင်းသိုဝှက် သယ်ဆောင်လာတဲ့ ဘိန်းဖြူပါ ဆပ်ပြာခွက် တစ်ခွက်လျှင် (၁၀)ဂရမ်စီပါ (၈၆)ခွက် စုစုပေါင်းဘိန်းဖြူ အလေးချိန် (၈၆၀)ဂရမ် ကာလတန်ဘိုး ကျပ်သိန်း ရှစ်ရာ့ခြောက်ဆယ် ၊ ပန်းရောင်မူးယစ်ဆေးပြား အထုပ်(၆၀) စုစုပေါင်းမူးယစ်ဆေးပြား (၁၁၇၀၀)ပြား ကာလတန်ဘိုး ငါးရာရှစ်ဆယ့်ငါးသိန်း  ဘိန်းဖြူနဲ့ဆေးပြား စုစုပေါင်း ကာလတန်ဘိုး တစ်ထောင့်လေးရာလေးဆယ့်ငါးသိန်း ကို တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်ဘက်မှ ကချင်ပြည်နယ်ဘက်ကို သယ်ဆောင်လာသူ ဇော်ဘောက် (ခ) မာဒီး  (၄၇-နှစ်) ဂျာယန်ကျေးရွာ လားရှိုးမြို့နယ် နေထိုင်သူကို မယ(ပ) ၂၁/၂၀၁၉ မူး/စိတ် ပုဒ်မ – ၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားတယ် လို့ အင်းတော်မြို့မရဲစခန်းက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW