LGBTIQ တွေအပေါ် ပြည်သူလူထုအထင်အမြင်လွှဲမှားအောင် ဖန်တီးနေမှုတွေနဲ့ပတ်သက်လို့ သဘောထားထုတ်ပြန်

ရန်ကုန် မတ်၎-၂၀၁၉ TGH (VOM) LGBT တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ ဂုဏ်သိက္ခာ ထိခိုက်စေမယ့် အပြုအမူတွေကို တစ်ဦးတစ် ယောက်ဖြစ်စေ ၊ အုပ်စုအဖွဲ့လိုက်ဖြစ်စေ ပြုလုပ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တည်ဆဲဥပဒေအရ ကာကွယ်မှုတွေကို LGBT တွေအနေနဲ့ ခံစားပိုင်ခွင့်အပြည့်အ၀ရှိတယ်လို့ LGBTအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ရှင်းသန့်က ဒီကနေ့မှာ ပြောပါတယ်။ လက်ရှိ အနုပညာ ဖျော်ဖြေရေးလောက လူတချို့ဟာ LGBTIQ တွေအပေါ် အထင် အမြင်လွဲမှားစေတဲ့ ပုံရိပ် တွေ ၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်လျော့ပါးစေတဲ့ အပြုအမူတွေကို ဖန်တီးသရုပ်ဖော်ကာ လှောင်ပြောင် ပြက်ရယ်ပြုစီးပွားရှာနေသလို ၊ ပြင်ပလောက LGBTIQတွေရဲ့ သဘာဝ ရုပ်သွင်ပြင်ထက်ပိုတဲ့ သရုပ်ပျက် ၀တ်စားဆင်ယင်တာတွေ ၊ လိင်မှုကိစ္စနဲ့ထိတွေ့သွားလျှင် မိုးမမြင် လေမမြင် ၂၄ နာရီတိုင်အောင် အလုပ်အကိုင်မလုပ်ပဲ လိင်မှုကိစ္စနောက်…

Read More

နာဂဒေသ မြို့နယ် (၃)ခု မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ တနှစ်ထက်တနှစ်ပိုတိုးလာ

ခန္တီး မတ် ၃-၂၀၁၉ မိုင်ချယ်ရီ (VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာရှိတဲ့ မြို့နယ် (၃)မြို့နယ်က စာစစ်ဌာန (၅)ခုကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ဦးရေ ဟာ တနှစ်ထက် တနှစ် ပိုများလာနေတယ်လို့ ခန္တီးခရိုင် ပညာရေးမှူးရုံးကနေ သိရပါတယ်။ နာဂဒေသ အတွင်းက လေရှီးမြို့ ၊ လဟယ်မြို့ နဲ့ နန်းယွန်းမြို့နယ်က စာစစ်ဌာနတွေကနေ ၀င်ရောက်ဖြေဆိုကြတဲ့ ကျောင်းသားကျောင်းသူ အရေ အတွက် ဟာဆိုရင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တုန်းက ၈၇၅ ဦး ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ၉၉၆ ဦး ရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာတော့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၃၄ ဦး ရှိတာကြောင့် အဲ့ဒီမြို့နယ်တွေက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ရောက်ဖြေဆိုသူ တစ်နှစ်ထက် တစ်နှစ်…

Read More

မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၁ ဦးထပ်မံနှုတ်ထွက်

မြောက်ဦး၊ မတ် ၄ -၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၁၁ ဦးဟာ ဒီကနေ့မနက်ပိုင်းက ထပ်မံပြီးတော့ တာဝန်ကနှုတ်ထွက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို နှုတ်ထွက်စာပေးပို့လိုက်ကြပါတယ်။   အဲ့ဒီအုပ်ချုပ်ရေးမှူးတွေဟာ ပြီးခဲ့ မတ်လ ၁ ရက်နေ့ ၉၀ နီးပါးနှုတ်ထွက်ကြတဲ့အခါမှာ အဆက်အသွယ်မရရှိတာတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိနေတဲ့အတွက် ကျန်ခဲ့ကြတဲ့အတွက် ဒီကနေ့မှာ နှုတ်ထွက်လိုက်ကြတာဖြစ်ပါတယ်။   “ကျွန်တော်တို့က ပထမနှုတ်ထွက်တဲ့အထဲမှာ မပါလိုက်ဘူး။ ကိုယ်ရေးကိုယ်တာကိစ္စတွေရှိနေတဲ့သူတွေနဲ့ အဆက်အသွယ်မရသူတွေ ကျန်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ မနက် ၁၀ နာရီခွဲမှာ နှုတ်ထွက်စာတင်လိုက်ကြတာ ဖြစ်ပါတယ်။”လို့ ဝေသာလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းကပြောပါတယ်။   ပြီးခဲ့တဲ့မတ်လ ၁ ရက်နေ့က မြောက်ဦးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၉ ဦးနှုတ်ထွက်ခဲ့ကြပြီး ဒီကနေ့မနက်ပိုင်းမှာ နောက်ထပ် ၁၁ ဦးက တာဝန်ထမ်းဆောင်ဖို့ဆန္ဒမရှိတော့တဲ့အတွက် မိမိဆန္ဒအလျောက်…

Read More

အကျဉ်းသားတွေ ထောင်ထဲဝင်ရင် ရှာဖွေတဲ့စနစ် လူ့အခွင့်အရေးနဲ့ညီညွတ်ဖို့  ဆောင်ရွက်နိုင်တော့မလား

နေပြည်တော် မတ်၎-၂၀၁၉ ကိုထွန်း   ဒီကနေ့ ဖေဖေါ်ဝါရီ ၄ရက်နေ့ နေပြည်တော်မှာကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန်လျင်မဲဆန္ဒနယ်ရဲ့   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ သူ့မေးတဲ့ထဲမှာ  ထောင်​ကျအကျဉ်းသားတွေ၊ ရုံးထုတ်​အပြန်​ ​ထောင်​တွင်းပြန်​ဝင်​လာချိန်​တွေမှာ ခန္ဓာကိုယ်​အတွင်းကို တရားမဝင်​ပစ္စည်းတွေ လျှူိ့ ဝှက်​သယ်​​ဆောင်​လာ​ကြောင်း သတင်းရရင် စအိုနဲ့ အတွင်းကို လက်​နဲ့နှိုက်​ရှာတာ လူ့ဂုဏ်​သိက္ခာ၊ လူ့အခွင့်​အရေးနဲ့ မညီညွတ်​လို့  X.ray စက်​ဖြင့်​ရှာ​ဖွေခြင်း ဘယ်တော့စမလဲလို့ မေးတာဖြစ်ပါတယ်။   ဒီမေးခွန်းကို ပြည်​ထဲ​ရေးဝန်​ကြီးဌာန ဒုတိယဝန်​ကြီး ဗိုလ်​ချူပ်​​အောင်​သူ ဖြေတာကတော့   ရှာဖွေရေးပြုလုပ်ရာမှာ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် အထူးအလေးထားဆောင်ရွက်လျှက်ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သွင်းယူလာကြောင်း သတင်းအတိအကျရရှိလာပါက စအိုအတွင်းလက်နှိုက်ရှာဖွေခြင်း မပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထ ပြုလုပ်စေခြင်းနှင့် အန်စေခြင်းနည်းလမ်းတို့ကိုသာ ဆောင်ရွက်ပြီးရှာဖွေလျှက်ရှိပါတယ်။အဆိုပါနည်းလမ်းများဆောင်ရွက်ခြင်းကြောင့် မူးယစ်ဆေးဝါး ထွက်ရှိလာခြင်းမရှိပါက အကျဉ်းထောင် ဆေးရုံမှာရှိတဲ့…

Read More

ပလက်ဝမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ဦးကို တစ်လကျော်တဲ့အထိ မိသားစုတွေ့ခွင့်မရ

ပလက်ဝ၊ မတ် ၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ချင်းလက်ဝကျေးရွာက လူငယ်တစ်ဦးကို တပ်မတော်က စစ်ဆေးဖို့ခေါ်ဆောင်သွားခဲ့ရာ တစ်လက်ကျော်ကြာတဲ့အထိ မိသားစုတွေနဲ့တွေ့ခွင့်မရရှိဘဲဖြစ်နေတယ်လို့ မိခင်ဖြစ်သူ ဒေါ်တင်တင်မြင့်ကပြောပါတယ်။   ဖမ်းဆီးခံထားရတဲ့လူငယ်ဟာ ချင်းလက်ဝရွာမှာနေထိုင်တဲ့ မောင်ဇင်မင်းထိုက်၂၅ နှစ်ဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့က ချင်းလက်ဝမှာ ရှိတဲ့ တပ်မတော်တပ်စခန်းကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး နေအိမ်ကိုလာရောက်ခေါ်ယူသွားတာလို့ ပြောပါတယ်။   “ကျွန်မသားလေးကို သားမိသုံးယောက်လုံးကို တစ်လပိုင်း ၂၁ ရက်နေ့မှာ တပ်မတော်က ကျွန်မအိမ်ကိုလာခေါ်တယ်။ ခင်ဗျားသားရှိလာလို့မေးတယ်။ ကျွန်မကရှိတယ်လို့ပြောတယ်။ တကယ်လားတဲ့။ ဟုတ်တယ်လို့ပြောတယ်။ ခင်ဗျားသား ၂၀ ရက်နေ့က ဘယ်ကိုသွားလဲတဲ့။ ဘယ်မှမသွားဘူးလို့ပြောလိုက်တယ်။ သူတို့ခေါ်ခိုင်းလို့ ကျွန်မညီမကိုခေါ်ခိုင်းလိုက်တယ်။ အဲ့ဒီမှာ အုပ်ချုပ်ရေးမှူးက လာပို့သွားတာပါ။”   အဲ့ဒီတပ်စခန်းဟာ ကျောက်တော်မြို့နယ်အခြေစိုက် ခမရ ၃၇၅၊ ၃၇၆၊ ၅၃၉ တပ်ရင်းတွေ…

Read More

မြောက်ဦးမြိုက နေအိမ်တွေမှာ ရခိုင်အလံစိုက်ထူထား

မြောက်ဦး၊ မတ် ၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၂ ရက်နေ့ ညနေကစတင်ပြီးတော့ မြို့ပေါ်ရပ်ကွက်တစ်ချို့က နေအိမ်တွေမှာ ရခိုင်ပြည်နယ်အလံတွေကို လွှင့်တင်ထားကြတာဖြစ်ပါတယ်။ အဲ့ဒီရခိုင်ပြည်နယ်အလံတွေကို အခုလိုလွင့်ထူထားကြတာဟာ ရခိုင်လူမျိုးတွေရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ပြသလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြောက်ဦးမြို့ခံ တစ်ဦးကပြောပါတယ်။   “တစ်နေ့ကညနေပိုင်းပေါ့။ ၂ ရက်နေ့ညနေပိုင်းကနေစတင်ပြီးတော့ နေအိမ်တွေမှာ အလံတွေကိုလွှင့်ထူလိုက်ကြတယ်။ တချို့အိမ်တွေမှာ အိမ်ရှေ့မှာထူတယ်။ တချို့အိမ်တွေက ဘုရားကျောင်းမှာထူတယ်။ စသဖြင့်ပေါ့နော်။ ပုံစံအမျိုးမျိုးနဲ့အလံတွေကို လွှင့်ထူထားကြတာဖြစ်တယ်။ အဓိကကတော့ ရခိုင်လူမျိုးတွေရဲ့ အရပ်တည်ချက်သဘောထားတွေကို ဖော်ပြလိုတဲ့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်။”လို့ မြို့ခံတစ်ဦးကပြောပါတယ်။   အခုလိုမျိုး နေအိမ်တွေမှာ အလံတွေကိုလွှင့်ထူထားမှုကို မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ လောကမူရပ်ကွက်၊ ကျောက်ရာဇ်ကေ၊ ပြင်ဈေး၊ ဝါဈေး၊ ကုန်သည်တန်း၊ အလယ်ဈေး၊ စတဲ့ရပ်ကွက်တော်တော်များများမှာ လွင့်လထူထားကြတာဖြစ်ပါတယ်။   “မနေ့ကတော့ နေအိမ်တော်တော်များများမှာ လွှင့်ထူခဲ့ကြတယ်။…

Read More
VOM News

FREE
VIEW