အကျဉ်းသားတွေ ထောင်ထဲဝင်ရင် ရှာဖွေတဲ့စနစ် လူ့အခွင့်အရေးနဲ့ညီညွတ်ဖို့  ဆောင်ရွက်နိုင်တော့မလား

နေပြည်တော် မတ်၎-၂၀၁၉

ကိုထွန်း

 

ဒီကနေ့ ဖေဖေါ်ဝါရီ ၄ရက်နေ့ နေပြည်တော်မှာကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန်လျင်မဲဆန္ဒနယ်ရဲ့   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ သူ့မေးတဲ့ထဲမှာ  ထောင်​ကျအကျဉ်းသားတွေ၊ ရုံးထုတ်​အပြန်​ ​ထောင်​တွင်းပြန်​ဝင်​လာချိန်​တွေမှာ ခန္ဓာကိုယ်​အတွင်းကို တရားမဝင်​ပစ္စည်းတွေ လျှူိ့ ဝှက်​သယ်​​ဆောင်​လာ​ကြောင်း သတင်းရရင် စအိုနဲ့ အတွင်းကို လက်​နဲ့နှိုက်​ရှာတာ လူ့ဂုဏ်​သိက္ခာ၊ လူ့အခွင့်​အရေးနဲ့ မညီညွတ်​လို့  X.ray စက်​ဖြင့်​ရှာ​ဖွေခြင်း ဘယ်တော့စမလဲလို့ မေးတာဖြစ်ပါတယ်။

 

ဒီမေးခွန်းကို ပြည်​ထဲ​ရေးဝန်​ကြီးဌာန ဒုတိယဝန်​ကြီး ဗိုလ်​ချူပ်​​အောင်​သူ ဖြေတာကတော့

 

ရှာဖွေရေးပြုလုပ်ရာမှာ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် အထူးအလေးထားဆောင်ရွက်လျှက်ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သွင်းယူလာကြောင်း သတင်းအတိအကျရရှိလာပါက စအိုအတွင်းလက်နှိုက်ရှာဖွေခြင်း မပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန်ခံ၍ ထိုင်ထ ပြုလုပ်စေခြင်းနှင့် အန်စေခြင်းနည်းလမ်းတို့ကိုသာ ဆောင်ရွက်ပြီးရှာဖွေလျှက်ရှိပါတယ်။အဆိုပါနည်းလမ်းများဆောင်ရွက်ခြင်းကြောင့် မူးယစ်ဆေးဝါး ထွက်ရှိလာခြင်းမရှိပါက အကျဉ်းထောင် ဆေးရုံမှာရှိတဲ့ ရောဂါရှာဖွေရန်ထားရှိထားတဲ့ ဓါတ်မှန်ရိုက်စက်ဖြင့် ဓါတ်မှန်ရိုက်စစ်ဆေးလျှက်ရှိပါတယ်။ သို့သော် အခြားသတင်းမရရှိသူများထံမှလည်း အကျဉ်းထောင်အတွင်းသို့ စိတ်ကြွဆေးပြားသွင်းလာနိုင်သဖြင့် ရှာဖွေရန် Body Search Scaner များ လိုအပ်သောကြောင့် စရိတ်တောင်းခံရမှာ ဖြတ်တောက်တာများလို့မဝယ်နိုင်သေးတာကြောင့် နောက်လာမယ့် ဘဏ္ဍာနှစ်မှာ ထည့်သွင်းလျာထား တင်ပြတောင်းခံသွားပါ့မယ်လို့ ဖြေဆိုခဲ့ပါတယ်။

 

လတ်တလောအခြေအနေမှာတော့ မသင်္ကာတဲ့သူတွေကို စအိုတွင်းလက်နှိုက်ရှာတာ မိန်းမကိုယ်အတွင်း စစ်ဆေးခံရတာကြောင့် အရှက်ရစေတယ်လို့  အကျဉ်းသားတွေက ဆိုကြသလို အန်အောင်လုပ်တဲ့အခါမှာ ဟင်းချိုမှုန့်ကိုအရေဖျော်ပြီးတိုက်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတွေ ထိခိုက်ရတယ်လို့အစစ်ဆေးခံဖူးတဲ့ အကျဉ်းသားတွေက ဆိုကြပါတယ်။

 

ဒါ့ကြောင့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနဲ့ ညီညွတ်စေဖို့  ခေတ်မှီရှာဖွေရေးစက်တွေက ထောင်တိုင်းမှာ မရှိမဖြစ်လိုအပ်နေတာဖြစ်ပါတယ်။

 

#voiceofmyanmar#အကျဉ်းထောင်တွင်းရှာဖွေရေးစနစ်#ဦးလွင်ကိုလတ်#ပြည်ထဲရေး# ဗိုလ်​ချူပ်​​အောင်​သူ

 

Related posts

Leave a Comment

VOM News

FREE
VIEW