မြောက်ဦးမြိုက နေအိမ်တွေမှာ ရခိုင်အလံစိုက်ထူထား

မြောက်ဦး၊ မတ် ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၂ ရက်နေ့ ညနေကစတင်ပြီးတော့ မြို့ပေါ်ရပ်ကွက်တစ်ချို့က နေအိမ်တွေမှာ ရခိုင်ပြည်နယ်အလံတွေကို လွှင့်တင်ထားကြတာဖြစ်ပါတယ်။

အဲ့ဒီရခိုင်ပြည်နယ်အလံတွေကို အခုလိုလွင့်ထူထားကြတာဟာ ရခိုင်လူမျိုးတွေရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ပြသလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြောက်ဦးမြို့ခံ တစ်ဦးကပြောပါတယ်။

 

“တစ်နေ့ကညနေပိုင်းပေါ့။ ၂ ရက်နေ့ညနေပိုင်းကနေစတင်ပြီးတော့ နေအိမ်တွေမှာ အလံတွေကိုလွှင့်ထူလိုက်ကြတယ်။ တချို့အိမ်တွေမှာ အိမ်ရှေ့မှာထူတယ်။ တချို့အိမ်တွေက ဘုရားကျောင်းမှာထူတယ်။ စသဖြင့်ပေါ့နော်။ ပုံစံအမျိုးမျိုးနဲ့အလံတွေကို လွှင့်ထူထားကြတာဖြစ်တယ်။ အဓိကကတော့ ရခိုင်လူမျိုးတွေရဲ့ အရပ်တည်ချက်သဘောထားတွေကို ဖော်ပြလိုတဲ့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်။”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

 

အခုလိုမျိုး နေအိမ်တွေမှာ အလံတွေကိုလွှင့်ထူထားမှုကို မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ လောကမူရပ်ကွက်၊ ကျောက်ရာဇ်ကေ၊ ပြင်ဈေး၊ ဝါဈေး၊ ကုန်သည်တန်း၊ အလယ်ဈေး၊ စတဲ့ရပ်ကွက်တော်တော်များများမှာ လွင့်လထူထားကြတာဖြစ်ပါတယ်။

 

“မနေ့ကတော့ နေအိမ်တော်တော်များများမှာ လွှင့်ထူခဲ့ကြတယ်။ ဒီနေ့တော့ တချို့အိမ်တွေမှာ ပြန်ဖြုတ်လိုက်တာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ကညနေပိုင်းမှာ တပ်မတော်က ကားနှစ်စီးနဲ့ မြို့ထဲကိုပတ်ပြီး သွားတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တချို့အိမ်တွေမှာ ဖြုတ်လိုက်တာပါ။”လို့ လော်ကမူရပ်ကွက်မှ ဒေသံတစ်ဦးကပြောပါတယ်။

 

မြောက်ဦးမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးခံလိုက်ရတဲ့အတွက် ၉၀ နီးပါးနှုတ်ထွက်သွားခဲ့ကြပြီးနောက်မှာ အခုလိုနေအိမ်တွေမှာ ရခိုင်ပြည်နယ်အလံတွေကို စိုက်ထူခဲ့ကြတာဖြစ်ပါတယ်။

 

Photo – Twan Ne Wong

#voiceofmyanmar#မြောက်ဦး#ရခိုင်အလံ

Related posts

Leave a Comment

VOM News

FREE
VIEW