ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖြစ် ဦးညွှန့်စိန်အပါအဝင် ရှစ်ဦးကို ခန့်အပ်

နေပြည်တော် မတ် ၈ -၂၀၁၃
ကိုထွန်း(နေပြည်တော်)

ဖေ​ဖော်​ဝါရီလ ရှစ်ရက်နေ့မှာ ပြုလုပ်တဲ့ ​ဒုတိယအကြိမ်​ပြည်​​ထောင်​စုလွှတ်​​တော်​(၁၁)ကြိမ်​​မြောက်​ပုံမှန်​အစည်းအ​ဝေး(၁၃) ရက်မြောက်​​နေ့မှာ ​ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖြစ် ဦးညွှန့်စိန်ပါ ရှစ်ဦး ကို တာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖြစ် ဦးညွှန့်စိန် ဦးသက်ထွန်း ဦးမြင့်အောင် ဦးစောဒယ်နီရယ်ကြည် ဦးအောင်စိုးဝင်း ဦးသန်းအောင် ဦးမင်းဆွေနဲ့ ဦးဆွေတင့်လွင် တို့ ရှစ်ဦးကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။
အဆိုပါရှစ်ဦးကို ရွေးချယ်ခန့်အပ်လိုတယ်လို့ နိုင်ငံတော် သမ္မတရဲ့ တင်ပြထားချက်အပေါ် ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုခန့်အပ်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #ပြည်ထောင်စုလွှတ်တော် #ရွေးကောက်ပွဲကော်မရှင်

Related posts

Leave a Comment

VOM News

FREE
VIEW