မန္တလေးမဟာမုနိဘုရားမှာ နိုင်ငံခြားသားတစ်ဦးကို ငွေကျပ်ငါးထောင် ဝင်ကြေးသတ်မှတ်

မတ် ၉ -၂၀၁၉

သွေးသစ်(VOM)

 

လာမယ့် ဇွန်လ ၁ရက်နေ့ကနေ စတင်ပြီး မန္တလေး မဟာမုနိ ဘုရားကြီးကို လာရောက် ဖူးမျှော်တဲ့ နိုင်ငံခြားသားတွေ ကို ဝင်ကြေးအဖြစ် တစ်ဦးကို ငွေကျပ်ငါးထောင်နူန်း သတ်မှတ်သွားတော့မယ်လို့ မဟာမုနိဘုရားကြီးရဲ့ ဂေါပကအဖွဲ့ဆီက သိရပါတယ်။

အခုလို ဝင်ကြေးသတ်မှတ်ကောက်ခံတဲ့အခါမှာ ဧည့်ခရီးသွားတွေအတွက် ဝန်ဆောင်မှုတွေကိုလည်း ထားရှိပေးသွားမယ်လို့ မဟာမုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။ “ဆရာတော်တွေရဲ့ လမ်းညွှန်မှုနဲ့အခုလို ကောက်ခံရတာပါ။

“နိုင်ငံတကာမှာလည်း အဲ့လိုကောက်ခံနေတာရှိပါတယ်။အခုလိုကောက်ခံတဲ့အတွက်လည်း သန့်ရှင်းသပ်ရပ်မှုတွေလုပ်ပေးသွားမယ်။အဆင်ပြေပြေဖိနပ်ချွတ်နိုင်ဖို့ဖိနပ်စဉ်လေးတွေကနေ ရေသန့်ဗူးတွေအထိလည်းဝန်ဆောင်မှုပေးသွားမှာပါ။အဲ့ဒီအတွက်လည်း နိုင်ငံခြားသားဝင်ပေါက်တွေကို အနည်းဆုံးနှစ်ပေါက်တော့ထားရှိပေးသွားမယ် “လို့ သူက ပြောပါတယ်။

 

လက်ရှိအချိန်မှာ မဟာမုနိဘုရားကြီးကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာပဲငွေကျပ် တစ်ထောင်ပေးဆောင်နေရတာပါ။ ဒါ့အပြင် လာမယ့် မတ်လ ၁၁ရက်နေ့ကနေစတင်ပြီး ရွှေဆိုင်း ဈေးတွေကိုလည်း ငါးချပ်ပါ ရွှေဆိုင်း တစ်ဆိုင်းကို အရင်ဈေးနှစ်ထောင်ကနေ ငွေကျပ်ငါးရာ တိုးမြှင့်ပြီး နှစ်ထောင့်ငါးရာနူန်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

နိုင်ငံခြားဧည့်ခရီးသွားတွေအတွက် မန္တလေးဇုန်အတွက် ငွေကျပ်တစ်သောင်းကောက်ခံတာရှိပေမယ့် အဲ့ဒီလိုကောက်ခံတာက မဟာမုနိဘုရားအတွက် မပါဝင်ဘူးလို့ လည်း သိရပါတယ်

 

#voiceofmyanmar #မဟာမြတ်မုနိဘုရားကြီး #နိုင်ငံခြားဧည့်ခရီးသွား

Related posts

Leave a Comment

VOM News

FREE
VIEW