ချေးငွေ ဘီလီလျှံ ၅၀ ကိစ္စနဲ့ပတ်သတ်ပြီး ဧရာဝတီ ဘက်နဲ့ Omini Focus ကုမ္ပဏီ တို့ ကြေငြာချက် အသီးသီးထုတ်ပြန်

ရန်ကုန် ၊ မတ် ၈

TGH(VOM)

 

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ လူမှုကွန်ယက်စာမျက်နှာမှာပြန်နံ့ခဲ့တဲ့ ချေးငွေဘီလီလျှံ ငါးဆယ် ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိသေးပေမယ့် ဧရာဝတီ ဘဏ်နဲ့ Omini Focus ကုမ္ပဏီတို့ က ဒီကနေ့မှာ ရှင်းလင်းချက်အသီးသီးကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက YBS ကားသစ်များဝယ်ယူဖို့ ဦးကျော်နေ၀င်းတို့အတွက် ဧရာဝတီဘဏ်က တာဝန်ခံချေးပေးထားတဲ့ ဘီလျံ ၅၀ ကို ဦးကျော်နေ၀င်းတို့ဘက်မှ အတိုးရော အရင်းပါ လုံးဝပြန်မဆပ်ဘဲနေတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့အတွက် ဧရာဝတီ ဘဏ်အနေနဲ့ တရားစွဲဆိုတော့မယ်ဆိုပြီး လူမှုကွန်ယက်မှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီလိုထွက်ပေါ်ခဲ့ပြီးနောက် ဦးကျော်နေ၀င်း ( Omini Focus )ဘက်က အဲ့ဒီသတင်းဟာ ခိုင်မာမှု မရှိတဲ့ သတင်းဖြစ်ကြောင်းနဲ့  Omini Focus အနေဖြင့် ဧရာဝတီဘဏ်ကပေးပို့ခဲ့သော အကြောင်းအကြာစာနဲ့ပတ်သက်ပြီး ချေးငွေစာချုပ်မှာ သတ်မှတ်ထား တဲ့ အရင်း ၊ အတိုး လစဉ်ပေးဆပ်သွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ကာလအတွင်း အကျေပေးဆပ်သွားမယ့် အကြောင်းကို အခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ကတည်းက အကြောင်းပြန်ပြီးဖြစ်တယ်လို့  မတ်လ ၈ရက်နေ့ က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က Omini Focus ကုမ္ပဏီကို တာဝန်ခံငွေချေးပေးထားတယ်ဆိုတာဟာ လုံးဝမှားယွင်းကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ ၊ဘဏ်လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှု ပြီး ဖော်ပြထားခြင်းမှာလည်း မရိုးဖြောင့်သောနည်းလမ်းနဲ့ တိုက်ခိုက်ခြင်း ဖြစ်နိုင်တယ်လို့  ယူဆဖွယ်ရာရှိတယ်လို့လည်း ပါရှိပါတယ်။

ဧရာဝတီဘဏ်ဘက်ကလည်း အခုလို ပြန်လည် ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီဘဏ်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ အများပြည်သူများ သွားလာမှု ပိုမို၊ ချောမွေ့ လွယ်ကူစေရေး အတွက် YBS စီမံကိန်း အထောက်အကူပြုစေဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေကို  ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေ ထုတ်ပေးခဲ့ကြောင်း ၊ လက်ရှိမှာ ပြန်လည်ပေးဆပ်ဖို့  ပျက်ကွက်နေတဲ့ ကုမ္ပဏီများကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တွေ့ဆုံ ညှိနှိုင်း တောင်းခံခြင်း၊ ဘဏ်မှ တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း (Bank Notice) နှင့် ဘဏ်ရှေ့နေမှ တရားဝင် ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း (Legal Notice) စသည်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာာဏာပိုင် အဖွဲ့၊ Yangon Region Transport Authority (YRTA) အဖွဲ့ကို အကြောင်းကြား အကူအညီ တောင်းခံပြီး ဘဏ်အနေနဲ့ တရားစွဲဆိုဖို့  ဆက်လက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီဘဏ် ထုတ်ပြန်ချက်

လူမှုကွန်ယက်စာမျက်နှာထက် ပျံ့နှံ့ခဲ့တဲ့ကိစ္စတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဘက်ကနေ ရှင်းလင်းချက်များထုတ်ပြန်ကြေငြာခဲ့ပေမယ့်  ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတော့ ထုတ်ပြန်မှုတစ်စုံတစ်ရာမရှိ သေးပါဘူး။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်သွယ်ရာမှာ ဖုန်းပြန်လည်ဖြေကြားမှုမရှိခဲ့ပေမယ့် YRTA သို့ဆက်သွယ်မေးမြန်းရာမှာတော့ အဲ့ဒီ အဖွဲ့က ဒေါက်တာ မောင်အောင်က ယခုလိုပြန်လည်ပြောဆိုခဲ့ပါတယ်။ “ လူမှုကွန်ယက်ကကိစ္စတွေနဲ့ပတ်သက်လို့ သူတို့ သက်ဆိုင်တဲ့သူတွေကို မေးတာအကောင်းဆုံးပါ။ သတင်းတွေက အလွဲတွေဆိုတော့ ဆရာတို့က ပြောလို့မရဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

#voiceofmyanmar #ချေးငွေဘီလီလျှံငါးဆယ် #YBS #ဧရာဝတီဘဏ်

Top of Form

Bottom of Form

 

Related posts

Leave a Comment

VOM News

FREE
VIEW