ခရီးသည် ၁၄၉ ဦးတင်ဆောင်လာတဲ့ အီသီယိုပီးယားလေကြောင်းပိုင် လေယာဉ်ပျက်ကျ

အဒစ္စအဘာဘာ၊ မတ်-၁၀

မျိုးဆက် (VOM)

 

 

အီသီယိုပီးယားနိုင်ငံ အဒစ္စ အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီသို့ ပျံသန်းသည့် အီသီယိုပီးယားလေကြောင်းပိုင် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျသွားလို့ အားလုံးသေဆုံးသွားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်လိုက်ပါတယ်။

 

 

လေယာဉ်ဟာ အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ္စ အဘာဘာကနေ ပျံတက်ပြီးသိပ်မကြာခင်မှာဘဲ မတ် ၁၀ ရက် ဒေသစံတော်ချိန် ၈ နာရီ ၄၄ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

 

ဘစ်ရှိုတူမြို့အနီးက လေယာဉ်ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

 

အဆိုပါလေကြောင်းလိုင်းဟာ အာဖရိက နေရာအတော်များမျာကို ပြေးဆွဲပျံသန်းနေတဲ့အပြင် အာဖရိက ပြင်ပနိုင်ငံတွေကိုလည်း ပျံသန်းနေတဲ့ လူကြိုက်များတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။

 

၂၀၁၀ခုနှစ်ကလည်း အဆိုပါလေကြောင်းလိုင်းက လေယာဉ်တစ်စင်း မြေထဲပင်လယ်မှာပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါသူ ၉၀ ဦးသေဆုံးခဲ့ဘူးပါသေးတယ်။

 

Ref: BBC

Photo : Getty Images

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW