အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးဆိုတဲ့ ဇဏ်ခီ

ရန်ကုန် မတ် ၁၀-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့  ဇဏ်ခီကတော့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးလို့ ဆိုပါတယ်။

“ကျွန်တော်က အကယ်ဒမီ ပတ်သက်ပြီး ရင်ခုန်မှုကတော့ ဘာမှမမျှော်လင့်ထားပါဘူး။ ကျွန်တော်ရဲ့ ရိုးသားတဲ့ ၀န်ခံချက်ပါ။ လုံးဝ မမျှော်လင့်ထားပါဘူး။ ထိုက်တန်တဲ့ သူတွေဆုရကြပါစေလို့တော့ ဆုတောင်းချင်ပါတယ်”လို့ ဆိုပါတယ်။

 

သူ့ကတော့ လက်ရှိမှာ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးနေတဲ့ Now & Ever ရုပ်ရှင်ကားကို ပိုင်ဖြိုးသု နဲ့အတူ ရိုက်ကူးနေသလို Milky နို့ဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမဇကာတင် ၂၅ ကား စာရင်းမှာတော့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ပါဝင်တာနဲ့ ပတ်သက်ပြီးတော့

 

“ကျွန်တော်တို့ တော်တော်လေး ၀မ်းသာမိပါတယ်။ လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေကို ကြိုဆို ၊ အသိအမှတ်ပြုလို့လည်း ၀မ်းသာပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့ ရာနှုန်းပြည့် အားရမှုမရှိတာတွေလည်း ရှိပါတယ်။ မုဒြာခေါ်သံနဲ့ ဥပါယ်တံမျဉ်ကို ယှဉ်မကြည့်ဖို့ပေါ့။ ဘယ်ဟာပိုအားရလဲလို့လည်း ပြောလို့ခက်ပါတယ်။ တင်ပြပုံစံတွေလည်း မတူညီခဲ့ပါဘူး။ အစ်ကို ဒီနှစ်အကယ်ဒမီ စာရင်းဝင်ကားတိုင်းတော့ မကြည့်ဖြစ်ပါဘူး။ ရိုက်ကူးရေး ကာလတစ်ခုဖြစ်နေတော့ ဘာကားမှထပ် မကြည့်နိုင်ဘူး ဖြစ်နေပါတယ်”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ- သင်းသဒ္ဒါ

 

#voiceofmyanmar#ဇဏ်ခီ#အကယ်ဒမီ

 

Related posts

Leave a Comment

VOM News

FREE
VIEW