တနင်္သာရီတိုင်းဝန်ကြီးချူပ်ကို ပါတီစည်းကမ်းအရ ပါတီတာဝန်က ရပ်စဲပြီးအရေးယူနိုင်တယ်လို့ မုံရွာအောင်ရှင်ပြော

မတ် ၁၂-၂၀၁၉

သစ်တော်

မတ်လ ၁၀ ရက် ညနေက အဂတိလိုက်စားမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို ပါတီစည်းကမ်းအရ ပါတီတာဝန်က ရပ်စဲပြီးအရေးယူနိုင်တယ်လို့ NLD ဗဟိုပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ကပြောပါတယ်။

” ဝန်ကြီးချူပ်ဆိုတော့ သူက အစိုးရကိုး အစိုးရဆိုတော့ အစိုးရက အရေးယူတယ် ပါတီဆိုဒ်က အရေးယူတယ်ဆိုတာက ပါတီဝင်အဖြစ်က ဒါမှမဟုတ် ပါတီရဲ့တာဝန်ကနေရပ်စဲတာ ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့ဗျာ ပါတီက အခု ကျွန်တော်သိရသလောက်တော့ ဒါကိုလုပ်မယ် မလုပ်ဘူးဆိုတာကတော့ ထစ်ထစ်ချမပြောနိုင်ဘူး သို့သော်လည်းပဲ လုပ်ရိုးလုပ်စဉ်ပေါ့လေ ဟိုးစောစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အစဉ်အလာတိုင်းဆိုရင်တော့ ပါတီကဒါကိုစိစစ်ပြီးတော့ သူ့ကိုပါတီရဲ့စည်းမျဉ်း စည်းကမ်းအရ အရေးယူတာပြန်ပြီးဖြသ်လာနိုင်ပါတယ်” လို့ ပါတီဗဟိုပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင် ပြောပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့ သောင်းမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်ထားပြီး နောက်တစ်ကြိမ် ရုံးချိန်ကိုတော့ မတ်လ ၂၅ ရက် မှာချိန်းဆိုထားတယ်လို့ လည်းသိရပါတယ်။ သူ့ကိုပါတီက ဆက်လက်အရေးယုဖို့ကိစ္စနဲ့ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ဆက်ပြောပြတာကတော့” ကျွန်တော်သိရသလာက်တော့ လောလာဆယ် ဒေါက်တာမျိုးညွှန့်ကတော့ ပြည်ပ ခရီးစဉ်တစ်ခုသွားနေရတယ် သူပြန်လာလို့ ဒီဟာကိုပြန်ပြီးတော့လစိစစ်ရေးလုပ်မယ် သူ့ရဲ့တွေ့ရှိချက်တွေကို CEC တင်မယ် CEC ကနေပြီးတော့ဆုံးဖြတ်မှာပေါ့ အဲ့လိုပဲ လုပ်စရာရှိလိမ့်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ဒေါက်နနာလဲ့လဲ့မော်ကိုအဂတိလိုက်စားမှုနဲ့ ထိန်းသိမ်းပြီးတဲ့နောက် သယံဇာတာနဲ့ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #တနင်္သာရီတိုင်းဝန်ကြီးချုပ် #ဒေါက်တာလဲ့လဲ့မော် #NLD #မုံရွာအောင်ရှင်

Related posts

Leave a Comment

VOM News

FREE
VIEW