ဘုရားကိုလာရင် ဘုရားလာနဲ့ပုံစံမျိုးသာဝတ်ဆင်ကြဖို့  ဂေါပကအဖွဲ့ကပြော

ရန်ကုန် ၊မတ် ၁၄-၂၀၁၉

TGH

ရွှေတိဂုံဘုရားကိုလာရောက်မယ့်သူတွေအနေနဲ့  ဘုရားကိုလာရင် ဘုရားလာနဲ့ပုံစံမျိုးသာဝတ်ဆင်ပြီး  အတို အပြတ် အဟိုက် ပေါင်ပြဲ စတဲ့ အမြင်မသင့်တော်တဲ့ အ၀တ်အစားတွေ ဝတ်မလာဖို့ ရွေတိဂုံဘုရားဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောပါတယ်။

 

ပြည်တွင်းပြည်ပ ခရီးသွားတစ်ချို့ဟာ အမြင်မသင့်တော်တဲ့အပြင် အဂါရဝဖြစ်စေတဲ့  စကတ်အတို ၊ ဘောင်းဘီတို၊ပေါင်အပြဲ ၊လည်ပင်းအဟိုက် ၊ချိုင်းပြတ်အပြဲ စတာတွေကိုဝတ်ဆင်ပြီး ဘုရားကိုလာရောက်မှုရှိနေသေးတဲ့အတွက် ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီလိုလာရောက်တဲ့အခါ ဂေါပကအဖွဲ့အနေနဲ့ လုံချည် ဒါမှမဟုတ် ပုဆိုး စတာတွေကို အပေါ်ကနေ လုံခြံအောင်ထပ်ဝတ်ဖို့ အခမဲ့ဝန်ဆောင်ပေးပေမယ့်လည်း နိုင်ငံခြားခရီးသွား တချို့က တော့ အဝတ်လဲခိုင်းတာနဲ့ပတ်သက်ပြီး မကျေနပ်တာ ၊ငြင်းဆန်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုရားရင်ပြင်ပေါ်ရောက်တဲ့အခါမှာ သူတို့ ဝတ်ဆင်စေခဲ့တဲ့ အဝတ်အစားတွေကို ချွတ်ပစ်တဲ့ကိစ္စမျိုးရှိနေသလို ပြည်တွင်းဘုရားဖူးတွေအနေနဲ့လည်း လုံချည်၊ပုဆိုးတွေကို ပြန်မအပ်ပဲ ယူဆောင်သွားတာတွေရှိနေတယ်လို့ ဆိုပါတယ်။

” ကျွန်တော်တို့လဲ အဝတ်အစားတွေကိုညစ်ညစ်ပတ်ပတ်မထားဘူး၊လျှော်ပြီးထားတာပါ၊ဒါကို မဝတ်ချင်ဘူး ငြင်းတာရှိတယ်။အဝတ်တွေကနံစော်တယ်ပြောတယ်။ဟုတ်ပြီ ထောက်ပြစရာကောင်းလောက်အောင်နံစော်တာရှိရင်ပြပါ၊နံနေရင် တစ်ခုအသစ်လဲပေးမယ်ဆိုလည်းမရဘူး၊ဒါတမင်ညစ်တယ်လို့မြင်တယ်၊မဝတ်ချင်လို့ ဆင်ခြေပေးတယ်လို့ထင်ရတာပဲ။တချို့နယ်ကလာတဲ့လူတွေဆိုလည်း လုံချည်အတွက် အပေါင်ပေးခဲ့စရာမရှိဘူးဆိုလဲ ယူသွားဆိုပေးလိုက်တယ်၊ အပေါင်ဖိုးမပေးထားတဲ့လူတွေရှိတယ်၊တချို့က လုံချည်တွေပြန်မပေးဘဲ ယူဆင်းသွားတယ်။တစ်လကို ပျှမ်းမျှ အထည် ၂၀ လောက်ပျောက်ဆုံးမှုရှိနေတဲ့အခြေနေပါ။ဒါကြောင့် ဘုရားလာမယ်ဆိုရင် ဘုရားလာတဲ့ပုံစံဝတ်ပြီးလာပါ၊ကိုယ့်ကိုယ်ကိုမှန်ထဲကြည့်ရင်သိပါတယ်၊ပေါင်ပြဲစုတ်နေတာ ရင်အဟိုက်တွေ အတိုတွေ မဝတ်ပါနဲ့၊cctv မှာတွေ့နေရတယ်။ဝတ်လာမိရင်လည်း သင့်တော်တဲ့အဝတ်စားပေးတဲ့အခါ ပူးပေါင်းပေးပါ”လို့ ဦးသောင်းထိုက် ကပြောပါတယ်။

 

ဘုရားတချို့ကတော့ လုံခြုံမှုရှိပြီး အပြဲအစုတ်မပါတဲ့ ခန္ဒာကိုယ်ကွက်တိ အင်္ကျီနဲ့ ဂျင်းဘောင်းဘီလိုမျိုး အသားကပ်ဘောင်းဘီမဟုတ်ပဲ အသားကပ်ဆန်ဆန်ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဆွဲသားဘောင်းဘီမျိုးတွေကိုတော့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ သေချာစိစစ်ပြီး တက်ရောက်ခွင့်ပြုသင့်တယ်လို့လည်း ပြောပါတယ်။

 

“ခုက ခေတ်ကပြောင်းလာပြီလေ၊ ကျမတို့ဝတ်တာက ဆွဲသားလို့ထင်ရပေမယ့် အမှန်တကယ် မဟုတ်ပါဘူး၊ပါးပြီး အသားကပ်နေတဲ့

ဟာမျိုးလည်းမဟုတ်ဘူး။ပြောချင်တာက သေချာစိစစ်ဖို့လိုအပ်တယ်။ကြည့်ရတာအရမ်းဆိုးဝါးတာမျိုးကျ အဝတ်တောင်လဲမပေးနဲ့ တက်ခွင့်မပြုသင့်ဘူး၊အပေါ်လဲလုံခြုံတယ်၊အောက်လဲလုံခြုံတယ်။ဒါကို ကြေငြာထားတဲ့ စာကြီးတွေအတိုင်း သေချာလည်းမစစ်ပဲနဲ့ ဘောင်းဘီကျပ်တယ်တက်လို့မရဘူး။တက်ချင်ရင် အဝတ်လဲဆိုတဲ့ မျက်နာဘေးက သူတို့လုပ်စာစားနေသလိုပဲ။ဒါတွေကိုသေချာစိစစ်ပေးဖို့လိုတယ်၊ထုတ်တဲ့အစာအတိုင်း လျောက်ရမ်းမလုပ်ပါနဲ့။အဲ့ဒီဘောင်းဘီနဲ့ပဲရွှေတိဂုံပေါ် အေခါက်အေခါက်အလာခါရောက်ပြီ၊”လို့ဝတ်စားဆင်ယင်မှုကန့်သတ်ချက်တွေနဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံခဲ့သူ မချစ်စုထွေးက ပြောပါတယ်။

 

လက်ရှိမှာတော့ ရွှေတိဂုံဂေါပကအဖွဲ့အနေနဲ့ ဘုရားဇောင်းတန်းလေးခုမှာရှိတဲ့ ရှာဖွေရေးဂိတ်တိုင်းမှာ ပုဆိုး ၁၀ ထည် ၊လုံချည် ၂၀ စုစုပေါင်း ဂိတ် စုစုပေါင်း ၇ ခုအတွက် ပုဆိုး လုံချည် ၂၁၀ ရှိပြီး နေ့စဉ် ပျမ်းမျှ လူ ၄၀၀ ဝန်းကျင်ကို ဝန်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။ဒါ့အပြင် လူအရမ်းများပြားတဲ့အချိန်တွေမှာ အရေးပေါ်လိုအပ်မှုအတွက် ပုဆိုး လုံချည် အရံ ၁၅၀ ရှိတယ်လို့ပြောပါတယ်။

 

ရွေတိဂုံဘုရားပေါ်မှာ အဂါရဝ ဖြစ်စေတဲ့ ဝတ်စားဆင်ယင်မှုတွေ ၊ ချစ်သူစုံတွဲတွေအနေနဲ့လည်း အမြင်မသင့်တော်တဲ့ နေထိုင်မှုပုံစံတွေ အပါအဝင် ၊ ဆေးလိပ်သောက်တာ ၊ကွမ်းစားခြင်း စတဲ့ ကိစ္စရပ်တွေကို မလုပ်ဖို့ ဂေါပကအဖွဲ့ကနေ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက တာမြစ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #ရွှေတိဂုံ #အတိုအပြတ် #ဂေါပက

Related posts

Leave a Comment

VOM News

FREE
VIEW