မုံရွာမြို့မှာလည်း ရိုးရာလမ်းလျှောက်သင်္ကြန် ကျင်းပသွားမယ်

မတ် ၁၅-၂၀၁၉

အောင်နေမျိုး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်နဲ့ ဗိုလ်ချုပ်လမ်း ဘက်အခြမ်းမှာ သင်္ကြန်ကာလအတွင်း ပထမဆုံးအကြိမ် ရိုးရာလမ်းလျှောက်သင်္ကြန်ကျင်းပပြု လုပ်သွားမှာဖြစ် ပါတယ်။

ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ကို တိုင်းအစိုးရအဖွဲ့ ရဲ့ လမ်းညွှန်ချက်နဲ့ မုံရွာမြို့က နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ က ပြန်လည်ဖော်ထုတ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ လမ်းလျှောက်သင်္ကြန်မှာ အုန်းလက်မဏ္ဍပ် (၃၀) ဝန်းကျင်နဲ့ စတုဒီသာမဏ္ဍပ်တွေ ထည့်သွင်းကျင်းပသွားမယ်လို့ လည်း သိရပါတယ်။ မုံရွာမြို့ ရိုးရာလမ်းလျှောက်သင်္ကြန်မှာ ပါဝင်ကြမယ့် မဏ္ဍပ်တွေမှာ အရက်၊ဘီယာနဲ့ ဆေးလိပ်ကြော်ငြာတွေပါဝင်တဲ့ မဏ္ဍပ်တွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့သိရပါတယ်။

ရိုးရာလမ်းလျှောက်သင်္ကြမှာ ရေပက်ကစားမယ့်ပြည်သူတွေကို အခမဲ့ကစားနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ရိုးရာ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဝင်တွေက ပြောပါတယ်။

ဒ့ါအပြင် အုန်းလက်မဏ္ဍပ်တွေမှာ ရှေးသင်္ကြန်အတိုင်း ရေပက် ကစားခဲ့ကြရာမှာ လောင်းလှေထဲရေထည့်ပြီး ငွေဖလားနဲ့ ရေပက်ကစားကြရမှာဖြစ်တယ်လို့ ရိုးရာ လမ်းလျှောက် သင်္ကြန်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုအောင်နေမျိုးက ပြောပါတယ်။

မုံရွာမြို့ ကန်သာယာမှာ ပထမဆုံးအကြိမ်ပြုလုပ်မယ့် ရိုးရာ လမ်းလျှောက်သင်္ကြန်အတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဝင်တွေက ဆောင်ရွက်သွားမှာမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #မုံရွာသင်္ကြန် #လမ်းလျှောက်သင်္ကြန် #သင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW