ဂန့်ဂေါခရိုင်ထဲက ကျောက်ထုလေယာဉ်ကွင် ပြန်လည်အသုံးပြုနိုင်ဖို့ ကြိုးစားနေ

ရန်ကုန် ၊ မတ် ၁၆

TGH(VOM)

 

 

ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်က ကျောက်ထု လေယာဉ်ကွင်းကို ချင်းပြည်နယ်တောင်ပိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဖို့ ပြန်လည်အသက်သွင်းဖော်ဆောင်နိုင်ဖို့ အတွက်  သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။

 

“ ပြည်နယ်တောင်ပိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေးလွယ်ရေးလွယ်ကူဖို့အတွက် ရှိပြီးသား ကျောက်ထုလေကြောင်းလိုင်းကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ပုဂံ၊ညောင်ဦးကနေ အချိန်ငါးနာရီကြာ လာစရာမလိုတော့ပဲနဲ့ တစ်နာရီအတွင်းမှာ ကန်ပက်လက် မင်းတပ်မြို့ကို ခရီးသည်တွေ လွယ်လွယ်ကူကူရောက်ရှိလာမှာဖြစ်ပါတယ်။” လို့ ချင်းပြည်နယ် ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးရှိန်းဇာနိုင်က ပြောပါတယ်။

 

အဲဒီလေယာဉ်ကွင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးဖိုအတွက် အထောက်အကူ ဖြစ်တာကြောင့် ပြန်လည်ဖော်ဆောင်ဖို့ တင်ပြထားတာဖြစ်ပါတယ်။ဒါ့အပြင်ကျောက်ထု လေယာ ဉ်ကွင်းက ချင်းပြည်နယ် မင်းတပ်မြို့ကနေ မိုင်၂၀ခန့်သာ ဝေးတဲ့အတွက် ဒေသနေပြည်သူတွေအတွက် သွားလာရေးအဆင်ပြေသလို  ပြည်နယ်ကို လာရောက်ကြမယ့် ခရီသွားဧည့်သည်တွေ ၊ ရင်းနှီးမြှပ်နှံမယ့်လုပ်ငန်းရှင်တွေလည်း အတွက်လည်း အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

 

ကျောက်ထုလေယာဉ်ကွင်းကို ၂၀၀၂ ခုနှစ်ကပြေးလမ်းအရှည် ပေတစ်သောင်း ရှိ လေယာဉ်ကွင်း အဖြစ် တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ် နှစ်ကုန်ဝန်းကျင်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဖွင့် လှစ်ပြီးနောက်ပိုင်းမှာ လေယာဉ်ဆင်းသက်မှု အနည်းငယ်သာရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ကွင်းအပါအဝင် လေယာဉ်ကွင်း စုစုပေါင်း ၆၇ ကွင်းရှိပေမယ့်  ၃၁ ကွင်းသာအသုံးပြုနေပြီး ကျန်ရှိတဲ့  ၃၆ ကွင်းကို နိုင်ငံတော်ရဲ့ဘတ်ဂျက်အခြေအနေအရ ဆောင်ရွက်နိုင်တဲ့အနေအထားမရှိနိုင်တဲ့အတွက် ကွင်းဟောင်းတွေအနေနဲ့သာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

 

 

#voiceofmyanmar #ချင်းပြည်နယ် #လေယာဉ်ကွင်း #ဂန့်ဂေါခရိုင်

 

Related posts

Leave a Comment

VOM News

FREE
VIEW