တပ်မတော်ရဲ့ပစ်ခတ်မှုကြောင့် တောင်ဦးကျေးရွာက ကိုယ်ဝန်သည်တစ်ဦး ကျည်ထိ

 

မြောက်​ဦး၊ မတ်​ ၁၆-၂၀၁၉

ခိုင်​လင်းစံ (VOM)

ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ တောင်​ဦးကျေးရွာအနီးမှာ ဒီကနေ့နေ့လည်​ ၁ နာရီကျော်​လောက်​မှာ ပစ်​ခတ်​မှုတစ်​ခုဖြစ်​ပွားခဲ့ပါတယ်​။ အဲ့ဒီဖြစ်​စဉ်​မှာ ကျောက်​တော်​ဘက်​ကနေ ထွက်​လာတဲ့ တပ်​မတော်​စစ်​ကြောင်းက တောင်​ဦးကျေးရွာနားကိုရောက်​တဲ့အချိန်​မှာ သေနတ်​ပစ်​ဖောက်​မှုတွေပြုလုပ်​ခဲ့တာကြောင့်​ ရွာသားတွေ ကြောက်​လန့်​ထွက်​ပြေးခဲ့ရာမှာ ကိုယ်​ဝန်​သည်​ အမျိုးသမီးတစ်​ဦးကျည်​ထိသွားတာဖြစ်​ပါတယ်​။

“နေ့လည်​ ၁ နာရီကျော်​လောက်​မှာ ကျောက်​တော်​ဘက်​ကနေ စစ်​ကြောင်းတစ်​ခုရောက်​လာတယ်​။ တောင်​ဦးရွာထိပ်​နားကိုအရောက်​မှာ သေနတ်​ပစ်​ဖောက်​တယ်​။ အဲ့ဒီမှာထွက်​ပြေးကြတယ်​။ မိန်းကလေးတစ်​ယောက်​ ပေါင်​မှာ ကျည်​ထိသွားတယ်​”လို့ ပြည်​နယ်​လွှတ်​တော်​ကိုယ်​စားလှယ် ဦးထွန်းသာစိန်​ကပြောပါတယ်​။

တောင်​ဦးကျေးရွာဟာ ဦးထွန်းသာစိန်​နေထိုင်​တဲ့ ကျေးရွာဖြစ်​ပြီး ကျည်​ထိဒဏ်​ရာရရှိခဲ့တဲ့ အမျိုးသမီးမှာ အဲ့ဒီရွာမှာအိမ်​ထောင်​ကျနေတဲ့ ကရင်​လူမျိုး ဒေါ်မှူးတဘွေ ဖြစ်​ပါတယ်​။

“မိန်းကလေးက အသက်​ ၂၂ နှစ်​ပဲရှိသေးတယ်​။ ကိုယ်​ဝန်​နဲ့မို့လို့ တိန်​ညိုဆေးရုံက မြောက်​ဦးဆေးရုံကိုပို့ခိုင်းတဲ့အတွက်​ အခုမြောက်​ဦးကိုရောက်​နေပါတယ်​။”လို့ ဦးထွန်းသာစိန်​ကဆိုပါတယ်​။

ဒါ့အပြင်​ ပြီးခဲ့တဲ့ မတ်​လ ၁၄ ရက်​နေ့ကလည်း တပ်​မတော်​ကားတန်းဝေသာလီကျေးရွာအနီးမှာ မိုင်းခွဲခံရပြီး ကျေးရွာတွေကိုပစ်​ခတ်​ခဲ့တဲ့အတွက်​ ဘူးရွက်​မညှိုးကျေးရွာသားတစ်​ဦး ကျည်​ထိဒါဏ်​ရာရရှိသွားတဲ့အတွက်​ စစ်​တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်​ပါတယ်​။

#voiceofmyanmar #ရခိုင်ပြည်နယ် #တပ်မတော် #ကျည်ထိ #တောင်ဦးကျေးရွာ

Related posts

Leave a Comment

VOM News

FREE
VIEW