ဆေးကုသမှု မှတ်တမ်းကို စာရွက်စာတန်းအသုံးပြုတဲ့စနစ်အစား အီလက်ထရောနစ် စနစ်ပြောင်းလဲသုံးမယ်

 

ရန်ကုန် ၊မတ် ၁၇

ဆေးရုံတွေမှာ လူနာကို စမ်းသပ်ကုသမှုပေးတဲ့ မှတ်တမ်းတွေကို စာရွက်အသုံးပြုမှုအစား အီလက်ထရောနစ် စနစ်သုံး မှတ်တမ်းယူတဲ့ပုံစံ ပြောင်းလဲဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ် ။

 

ဒါ့အပြင် ချက်ချင်းဓာတ်ခွဲခန်း အဖြေရရှိဖို့လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်တာတွေကလွဲပြီး အချိန်ယူဆောင်ရွက်ရမယ့် ဓာတ်ခွဲစမ်းသပ်မှုတွေကို တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုဓာတ်ခွဲခန်း (Central Laboratory) စနစ်ကိုပါ ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတွဲဖက်အသုံးပြုဆောင်ရွက်နိုင်ရေး စီစဉ်နေတယ်လို့ ဆိုပါတယ်

 

“ဒီလိုဆောင်ရွက်မှသာ ဓာတ်ခွဲစမ်းသပ်မှု ပစ္စည်းတွေ လေလွင့်မှုကိုလျော့ချနိုင်မယ်၊နောက်ပြီး နည်းပါး တဲ့ ဓာတ်ခွဲပညာရှင်တွေရဲ့ အင်အားကို အကျိုးရှိရှိနဲ့ထိရောက်စွာအသုံးချနိုင်မယ်၊ခတ်မီ ဓာတ်ခွဲစမ်းသပ်စက်ကိရိယာတွေကိုလည်း တစ်စုတစ်စည်းတည်းအသုံးချဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်”လို့ ဝန်ကြီးကပြောခဲ့ပါတယ်။

 

နောက်ပြီး ပြည်တွင်းက ဆေးရုံတွေအားလုံး ဖွံ့ဖြိုးစေဖို့အတွက်လည်း ဆေးရုံအသီးသီးရဲ့ ဆေးရုံအုပ်ကြီးတွေ၊အုပ်ချုပ်စီမံခန့်ခွဲမှု တာဝန်ရှိသူတွေပါဝင်တဲ့ ဆွေးနွေးဖလှယ်ပွဲတစ်ခု ကျင်းပပြီး  အတွေ့အကြုံဖလှယ်တာ၊ အကြံပြုချက်ပေးတာတွေကိုလုပ်သွားရှိတယ်လို့သိရပါတယ်။

 

လက်ရှိပြည်တွင်းမှာက  (၁၆)ခုတင် ဆံ့ဆေးရုံကနေ(၂၀၀၀)ခုတင်ဆံ့ ဆေးရုံအထိ စုစုပေါင်း (၁၁၄၄)ရုံ ရှိပြီး ဆေးရုံအသီးသီးအလိုက် ဆေးနဲ့ဆေးပစ္စည်း စီမံခန့်ခွဲ ပံ့ပိုးမှုစနစ် (hospital internal logistics system) နဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု စနစ် (work flow)ကို ကောင်းဖို့အတွက်လည်း စတင်သုံးသပ်ဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါတယ်။

 

ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး (၆)ထပ်ဆေးကုသဆောင်သစ်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီးလက်ရှိ မြန်မာနိုင်ငံမှာက ကျန်းမာရေးအာမခံစနစ်မရှိသေးတဲ့အတွက် ရေရှည်မှာ နိုင်ငံနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးစနစ်တစ်ခု စနစ်တကျ ပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။

#voiceofmyanmar #ဆေးရုံ #အီလက်ထနောနစ်စနစ် #ဓာတ်ခွဲခန်း

Related posts

Leave a Comment

VOM News

FREE
VIEW