မြရွာက သကြားစက်ဝန်းကျင်အနီးမှာ ကြိတ်စကြံဖတ်ခြောက်များမီးလောင်မှု နှစ်ရက်ကြာအထိမငြိမ်းသေး

မတ် ၁၉-၂၀၁၉

လမင်း (VOM)

 

ပြည်မြို့ ၊ မြရွာ ၊ နဝဒေးသကြားစက်ပတ်ဝန်းကျင်မှာရှိတဲ့ ကြံကြိတ်ဖတ်ခြောက်တွေစွန့်ပစ်ထားတဲ့နေရာမှာ မတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်က အပူရှိန်လွန်ကဲပြီး မီးလောင်မှု့တစ်ခုဖြစ်ပွားခဲ့ပါတယ် ။

” စက်ရုံမှုးရဲ့ဟြေပြချက်အရတော့ ကြိတ်စတွေကြိတ်ထားတဲ့အဖတ်တွေက အော်တိုမစ်တစ်လောင်တာပေါ့ သူကဖွဲနုသဘောမျိုးပါဘဲ အောက်က အောင်းနေတဲ့အပူလည်းရှိတယ် အပေါ်ကနေအပူလည်းရှိတော့ လောင်သွားတာပေါ့ ထိခိုက်ဆုံးရှုံးမှု့တော့မရှိပါဘူး ” ဟု ပြည်ခရိုင်မီးသတ်ဦးစီးဌာနလက်ထောက်ဦးစီးမှူးဦးအေးကျော် ကဟြေပါတယ် ။ အဲ့ဒီ မီးလောင်မှုကို ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ငြိမ်းသတ်နေတာဖြစ်ပြီး အခုလက်ရှိအခြေအနေမှာ မီးကိုထိန်းထားနိုင်ပြီဖြစ်ပေမယ့်  ကျန်ရှိနေတဲ့ မီးကြွင်းမီးကျန်တွေကိုလည်း အခုအချိန်ထိငြိမ်းသတ်နေရဆဲဖြစ် တယ်လို့ ပြည်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ် ။

#voiceofmyanmar #မီးလောင် #သကြားစက် #ပြည်မြို့

Related posts

Leave a Comment

VOM News

FREE
VIEW