ကျောက်ဆည် GTI ကျောင်းအုပ်ကြီးရဲ့အလွဲသုံးစားမှုကို အရေးယူပေးဖို့ ဆန္ဒပြ

ရန်ကုန် ၊ မတ် ၂၀

TGH ( VOM)

ကျောက်ဆည် GTI ကျောင်းအုပ်ကြီးက အဲဒီကျောင်းမှာ ညစောင့်တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ဦးဝင်းတင့်ရဲ့ နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး  ၁ နှစ်နဲ့ ၆ လစာ တန်ဖိုး ၂၄ သိန်းကျော်ကို လက်မှတ်အတုထိုးထုတ်ယူ သုံးစွဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဆည်မြို့မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီကိစ္စအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် ပညာရေးဝန်ကြီးဌာန ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့ ကိုတိုင်ကြားခဲ့ပေမယ့် ဒီနေ့အထိ ဥပဒေနဲ့အညီ အရေးယူတာမရှိသလို တိတိကျကျဖြေရှင်းမပေးနိုင်သေးတာကြောင့်  အခုလိုဆန္ဒပြခဲ့ကြတာပါ။

“ ကျွန်မ ဒီကျောင်းမှာလုပ်တာ ၃ နှစ်ပြည့်တော့မယ်။ ညစောင့်နာမည်က ဦးဝင်းတင့် နောက်ဆုံးထွက်စာတင်ပြီးနောက်  ၁ နှစ်နဲ့ ၆ လ အတွက်လစာကို  ကျောင်းအုပ်နဲ့ ငွေစာရင်းဦးစီးက လက်မှတ်အတုထိုးပြီး လစာကိုထုတ်ယူထားတယ်။ ညစောင့်ရဲ့ လာစာက တစ်လကို ၁၄၄၈၀၀ ရတယ်။ဒါကြောင့် ကျွန်မ  ၁၂ လပိုင်းမှာတိုင်တယ်။ ၁ လပိုင်းမှာ စစ်ဆေးရေးအဖွဲ့လာတယ်။ စစ်ဆေးရေးတွေမလာခင် လုံခြုံရေးအလုပ်ကိုပြန်ခန့်လိုက်တယ်။ ၁ လပိုင်း ၂၅ ရက်နေ့မှာ အလုပ်ပြန်ရတယ်။ လစာတွေကိုထုတ်တဲ့နေရာမှာ ငွေစာရင်းက လက်မှတ်အတုထိုးတယ်။ တန်ဖိုး တွက်ကြည့်လိုက်ရင် ၂၄ သိန်းကျော်တယ်။တိုင်တာက ကျောင်းအုပ်ကိုတိုင်တယ်။ ဒီလိုတိုင်တော့လည်း ကျောင်းအုပ်တွေကပဲစစ်တယ်။ ပြင်ဦးလွင်က ဂျီတီအိုင် ကျောင်းအုပ် ၊ ဘဲလေး ကျောင်းအုပ် ၊ မန္တလေး ကျောင်းအုပ် လာစစ်တယ်။ ဥပဒေအရဆို ညွှန်ချုပ်ပါရမယ် ၊ရာထူးတူတွေစစ်လို့မရဘူးလို့ ကျွန်မတို့သိထားတယ်။ဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်။”လို့ ဦးဆောင်ဆန္ဒပြခဲ့တဲ့အင်္ဂလိပ်စာဌာန လက်ထောက်ကထိက ဒေါ်မေသူဝင်းက ဆိုပါတယ်။

ကာယကံရှင်ဖြစ်တဲ့ဦးဝင်းတင်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ညစောင့်အလုပ်ကနေ တရားဝင်အနားယူခဲ့တယ် လို့သိရပါတယ်။ဒီလိုအလုပ်ထွက်ပြီးနောက် ကျောင်းအုပ်ကြီးက ဦးဝင်းတင့်ရဲ့နာမည်ကို အလုပ်ထွက် စာရင်းမသွင်းခဲ့ပဲ လစာတွေကို လတိုင်း လက်မှတ်အတုနဲ့ထုတ်ယူခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ၁၂ လပိုင်းမှာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ အပါအ၀င် သက်ဆိုင်ရာငှာနအသီးသီးကို  တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

တိုင်ကြားပြီးနောက်စစ်ဆေးရေးဝင်ပြီးကတည်းကထူးခြားမှုမရှိတာကြောင့် နောက်ထပ် နှစ်ကြိမ်ထပ်မံတိုင်ခဲ့ပေမယ့်လည်း ဒီနေ့အထိ ဘာမှမသိရတဲ့အတွက် ဆန္ဒဖော်ထုတ်ခဲ့ တာဖြစ်ကြောင်းနဲ့ အမှန်တရားပေါ်ပေါက်ပြီး ဥပဒေအရအရေးယူ တဲ့အထိဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

“ နာမည်အလွဲသုံးစားလုပ်တယ်ဆိုတော့ တရားဥပဒေအတိုင်းဖြစ်စေချင်တယ်၊ နောက်ပြီးခုလို အလုပ်ပြန်လုပ်ဖို့ လည်း သူတို့ဘက်က ပြန်ခေါ်တာ။အဲ့ထိလည်း ကိုယ့်နာမည်နဲ့ လုပ်စားမှန်းမသိဘူး။အလုပ်ပြန်ဝင်ပြီးမှသိတာ။ကြားထဲလည်း ပြောတာရှိတယ်။ဒီလိုလုပ်လို့ ဘကြီးဘာထူးခြားမှာ လည်းပေါ့။ ကျွန်တော်ကတော့ဘယ်သူပဲမေးမေး အမှန်ပဲပြောမှာ။လိမ်တာတစ်ခုမမရှိဘူး။အလုပ်မထွက်တာကတော့ ညဘက်မှာညစောင့်လုပ်ရင်းတစ်သိန်းကျော်ရတော့ အဆင်ပြေတာကြောင့်လုပ်ဖြစ်တာပါ။”လို့ဆိုပါတယ်။

ဦးဝင်းတင့်အနေနဲ ကျောက်ဆည် GTI ကျောင်းမှာ ညစောင့်အလုပ်ကို ၂၀၁၄ ခုနှစ် ၈ လပိုင်းကတည်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက လုပ်ခလစာတစ်နေ့ကို ၃၆၀၀ ကျပ်ရရှိခဲ့ပြီး၊ အလုပ်ထွက်တဲ့နောက်မှာ တစ်နေ့ကို ၁၄၄၈၀၀ ကျပ်ဖြစ်ခဲ့တာလို့သိပါတယ်။ဒါ့အပြင် သန့်ရှင်းရေးလုပ်ကိုင်သူ လေးယောက်ကိုလည်း လုပ်ခလစာ ဖြတ်တောက်မှုတွေရှိနေတယ်လို့သိရပါတယ်။

အခုလို ကျောင်းအုပ်ကြီးအပေါ် ပြောဆို ၊ ဆန္ဒပြနေတဲ့အပေါ် ကျောက်ဆည် GTI ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူ က “  ခုလို စွပ်စွဲနေတဲ့အပေါ် ဘာမှ ပြောစရာမရှိပါဘူး။ ဌာနဆိုင်ရာဖြစ်တဲ့အတွက် ဌာနတွင်း လုပ်ငန်းတွေလုပ်နေပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်လို့ စစ်ဆေးချက်တွေအပေါ်မှာပဲပေါ့။ စွပ်စွဲတဲ့အပေါ်လည်း မှတ်ချက်မပေးချင်ဘူး။ ကျွန်တော်ကတော့ အလွဲသုံးစားမလုပ်ပါဘူး။ ဌာနဆိုင်ရာတွေလည်း စစ်ဆေးနေပါတယ်တယ်။ညစောင့်ကိုလည်း ခေါ်ညှိတာတွေလည်း မလုပ်ပါဘူး။ လာစစ်ဆေးတဲ့အဖွဲ့ကည်း ဦးစီးဌာနက ဖွဲ့ပေးတဲ့အဖွဲ့ပါ။ ရာထူးတူတွေ စစ်ဆေးလို့ရမရဆိုတာကတော့ ဦးစီးဌာနပဲမေးပါ။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo crd- Htun Thein Fb

#voiceofmyanamr #ဆန္ဒပြ #ကျောက်ဆည်GTI #အလွဲသုံးစား

Related posts

Leave a Comment

VOM News

FREE
VIEW