၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် ပူးပေါင်းကော်မတီကိုထောက်ခံပွဲညောင်ဦးတွင်ပြုလုပ်

 

မတ်လ ၂၀-၂၀၁၉

လမင်း (VOM)

မတ်လ ၁၉ ရက်နေ့ ညနေ ပိုင်းက ညောင်ဦးမြို့နယ်မှာ ဒေသခံ ၇၀၀ ကျော်စုပေါင်းပြီး ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး နဲ့ ပူးပေါင်းကော်မတီကော်မတီကို ထောက်ခံတဲ့ထောက်ခံပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီ ထောက်ခံပွဲကို ညောင်ဦးမြို့ အမှတ် ၁ ရပ်ကွက် ညောင်ပင်ကွင်းမှ စတင်ပြီး လမ်းမတော်လမ်း၊ မဏီစည်သူဈေးဝိုင်း ကနေ အမှတ် ၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းအထိ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီး နောက်ဦးဆောင်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပါတယ် ။

ဆန္ဒထုတ်ဖော် ထောက်ခံသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေး ၊ အနိုင်ကျင့် ကလိန်ခြုံ ဖွဲ့စည်းပုံ ခုပြင်ပေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် နိုင်ငံသားတိုင်း တာဝန်ဖြစ်သည် ၊ ၂၀၀၈ ခြေဥပြင်ဆင်ဖို့အားလုံး ပူးပေါင်းပါဝင်စို့ ၊ ၂၀၀၈ ဥပဒေ ပြင်ဆင်ရေး (ဒို့အရေး) ၊ ခြေဥပြင်ဆင်ရန် ထောက်ခံပါတယ် ၊ ၂၀၀၈ ခြေဥပြင်ဆင်ဖို့ ကော်မတီအား ထောက်ခံစို့ စတဲ့ စာတန်းတွေ ပါရှိတဲ့ ဗီနိုင်စတွေကိုကိုင်ဆောင်ပြီး ” စီတန်းလှည့်လည်ခဲ့ကြတာပါ။

#voiceofmyanmar #ခြေဥပြင်ဆင်ရေး #၂၀၀၈အခြေခံဥပဒေ #ညောင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW