စိုင်ပြင်-ဒီပဲယင်းကျေးရွာချင်းဆက်လမ်းပိုင်းတချို့မှာ တောင်သူတွေရဲ့ လယ်မြေတွေ ပါဝင်နေလို့ ဒေသခံတွေ ကန့်ကွက်

မန္တလေး မတ် ၂၂-၂၀၁၉

သွေးသစ်(VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က စိုင်ပြင်-ဒီပဲယင်းကျေးရွာချင်းဆက်လမ်းပိုင်းအနက် အုန်းတ ပင်-မရကန်လမ်းနေရာကို တိုင်းဒေသကြီးအစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်နေတာမှာ ပုံစံ(၇)ရရှိပြီးသား လယ်ယာမြေတွေ ပေါ်မှာ လမ်းဖောက်နေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေတာဖြစ်ပါတယ် ။

အဲ့ဒီလို လယ်မြေထဲကနေလမ်းဖောက်တဲ့အတွက်လည်း မြေယာလျော်ကြေးပေးအပ်တာမျိုး မရှိဘဲလမ်းအူကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေက မကျေမနပ်ဖြစ်နေတာပါ။ဒါ့အပြင် အရင်လမ်းဟောင်းရှိနေတာကို အသုံးမပြုပဲ လယ်မြေတွေကြားထဲကနေ ဖောက်မှာဖြစ်တဲ့အတွက် အနီးဝန်းကျင်က လယ်တွေမှာလည်း ရေနစ်မြုပ်မှု ခံသွားရဖို့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်ပိုင်တဲ့လယ်မြေကဧက(၂၅)ဧပါ။ အခုလိုလယ်မြေတွေထဲမှာ လမ်းအူကြောင်းထိုးတော့ ကျွန်တော်မြေ နှစ်ဧကပါသွားမယ်။ လမ်းဟောင်းရှိရဲ့သားနဲ့ အနိုင်ကျင့်ပြီးလုပ်လိုက်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးက လယ်မြေတွေရေနစ်မြှုပ်နိုင်တယ်။ အဲလိုမြှုပ်ခဲ့ရင် ကျန်တဲ့မြေတွေလည်း အကုန်မြှုပ်မယ်။ ကျွန်တော်တို့တောင်သူတွေ လယ်လုပ်ငန်းမှာဆိုးကျိုးတွေဖြစ်မယ်။”လို့ နစ်နာသူ ဦးကုလားကပြောပါတယ်။

မြို့နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနကနေဦးဆောင်ပြီး စိုင်ပြင်-ဒီပဲယင်းကျေးရွာချင်းဆက်လမ်းပိုင်းကိုတည်ဆောက်နေတာဖြစ်ပြီး လမ်းပိုင်းတစ်ခုဖြစ်တဲ့ အုန်းတပင်-မရကန်လမ်းနေရာမှာ အခုလို အဆင်မပြေဖြစ်နေတာဖြစ်ပါတယ် ။

“ဒီလမ်းပိုင်းကိုဖျောက်လုပ်ရတာက တနယ်ချောင်းတောင်ဘက်မှာရှိတဲ့လမ်းဟောင်းဟာ ရေဦးတိုက် ဖြစ်နေတယ်။ တံတားကလည်း ကြံ့ခိုင်မှုမရှိတော့တဲ့အတွက် တောင်သူတွေရဲ့သဘောတူညီချက်နဲ့ လယ်မြေထဲကနေဖောက်လုပ်ခြင်းဖြစ်ပါတယ်။ သဘောမတူတဲ့တောင်သူတွေက နှစ်ဦး၊သုံးဦးပါပဲ။ သူတို့လယ်မြေရေမမြှုပ်အောင်လည်းကျွန်တော်တို့ကလုပ်ပေးသွားမှာပါ။ ဒီလည်းဖောက်လုပ်ခြင်းအား ဖြင့် အခြားရွာတွေကတောင်သူတေတွလည်းအဆင်ပြေပြေသွားနိုင်မယ်။ အခုလုပ်နေတဲ့လမ်းအူကြောင်းက ပညာရှင်တွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးဆွဲခဲ့တာပါ။ လျော်ကြေးပေးဖို့ဆိုတာကလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးပြီး အထက်ကိုတင်ပြရအုံးမယ်။ အခုတော့လျော်ကြေးပေးဖို့အစီအစဉ်မပါဘူး။”လို့  ဒီပဲယင်းမြို့နယ်လမ်းဦးစီးဌာနက ဦးစီးအရာရှိ(မြို့ပြ) ဦးမောင်မောင်အေးက ပြောပါတယ် ။

အဆိုပါလမ်းပိုင်းလမ်းအူကြောင်းဖောက်လုပ်မှုမှာ အုန်းတပင်၊ မရကနှ်င့်တနယ်ကျေးရွာတို့ရှိ လယ်မြေများပေါ်တွင် နှစ်လက်မအမြင့်လမ်းဖောက်လုပ်နေခြင်းဖြစ်ပြီး အုန်းတပင်ရွာဘက်ခြမ်းနဲ့ မရကန်ရွာဘက်ခြမ်းတို့မှာ လမ်းအူကြောင်းထိုးပြီးသွားပေမယ့် တနယ်ကျေးရွာဘက်ခြမ်းမှာတော့ တောင်သူများတွေ ကန့်ကွက်နေတဲ့အတွက် ရပ်တန့်ထားတယ်လို့  သိရပါတယ်။

 

#voiceofmyanamr #တနယ် #ဒီပဲယင်းမြို့နယ် #ကျေးရွာချင်းဆက်လမ်း

Related posts

Leave a Comment

VOM News

FREE
VIEW