မြန်မာ့ရုပ်ရှင် နိုင်ငံတကာအဆင့်မှီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရန်ကုန် မတ် ၂၃-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

မြန်မာ့ရုပ်ရှင် နိုင်ငံတကာအဆင်အတန်းမှီဖို့ ရည်မှန်းချက်ထား အားထုတ်ကြဖို့ နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲကို မတ် ၂၃ ရက် ညနေ ၃ နာရီက  ရန်ကုန်မြို့ သုဝဏ္ဏ The One Entertainmantမှာ ကျင်းပတာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

လက်ရှိရောက်ရှိနေတဲ့ နေရာထိတင်းတိမ်ရောင့်ရဲမနေပဲ နိုင်ငံတကာရဲ့ ရုပ်ရှင်တွေနဲ့ အဆင့်အတန်းမီအောင် ရည်မှန်းချက်ထားပြီ လက်တလောမှာ ဒေသအတွင်းရှိ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံခြားကိုမီအောင် တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့အာရှမှာ ကိုရီးယား ဂျပန် တရုတ် အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေမှာ မိမိတို့ယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ်တွေကို ဖော်ဆောင်ပြသနေတာ ကမ္ဘာမှာထင်ရှားကျော်ကြားနေပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ ပြသစေသလို အမွေအနှစ်တွေကို တမူထူးခြားတဲ့ရှုထောင့်က ဖော်ထုတ်ပြသစေလိုပါတယ်”လို့ ပြောသွားပါတယ်။

 

၂၀၁၈ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၈၃ ကား ပြသခဲ့ပြီး မြန်မာပြည်မှာဒစ်ဂျစ်တယ်ရုပ်ရှင်ရုံ ၁၂၆ ရုံ နဲ့ပိတ်ကား ရုပ်ရှင်ရုံ၁၄၅ ရုံ အထိ ရှိနေပါတယ်။

 

နေပြည်တော်မှာ ရုပ်ရှင်ဇာတ်ကား  ၃ကား ၊ ဇာတ်လမ်းတွဲ ၃ခု နှင့် ဇာတ်လမ်းတို ၁ ခု အပြင် ဟောင်က ရှောဘရားသားကုမ္ဗဏီက လိုင်းဝေါ့ကာ ဇာတ်ကားလာရိုက်ကူးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

”ကျွန်မအနေနဲ့ မနှစ်ကလည်း တက်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုဆိုတာ မိမိအနုပညာအတတ်ပညာကို မိမိတို့ မြတ်နိုးတန်းဖိုး ထားသလို ဖန်တီးမှုလက်ရာတွေ ပီပြင်မြောက်ရေး အဆင့်အတန်းမြင့်မားရေးကို ဖန်တီးနေတယ်လို့ မြင်မိပါတယ်။ ရုပ်ရှင် အနုပညာရှင်များနဲ့ တွေ့ဆုံတဲ့အခါမှာ ရုပ်ရှင်မြို့တော်အဖြစ် နေပြည်တော်ကို တည်ဆောက်စေလိုကြောင်း ပြောပြခဲ့ပါတယ်။ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ရုပ်ရှင်လောကသားတွေကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတော်ကလည်း ထိရောက်တဲ့ အကူအညီပေးအပ်ဖို့ လိုအပ်နေတယ်ဆိုတာ နားလည်နေပါတယ်” လို့လည်း ပြောသွားပါတယ်။

 

#voiceofmyanmar  #ဒေါ်အောင်ဆန်းစုကြည် #အကယ်ဒမီ #ရုပ်ရှင်

 

Related posts

Leave a Comment

VOM News

FREE
VIEW