သေနတ်သမားတွေလက်ချက်ကြောင့် မာလီနိုင်ငံက ရွာသား ၁၃၀ ကျော်သေဆုံး

ဘာမာကို ၊မတ်၂၄-၂၀၁၉

မျိုးဆက် (VOM)

မာလီနိုင်ငံအလယ်ပိုင်း ကျေးရွာတစ်ရွာမှာ မတ် ၂၃ ရက်က သေနတ်သမားတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖူလာနီမျိုးနွယ်စုက ရွားသား ၁၃၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ မျိုးနွယ်စုတွေနဲ့ ဂျီဟတ်တွေအကြားမကြားသေးမီက အကြမ်းဖက်မှုတွေထဲက အသေအပျောက်အများဆုံးဖြစ်ရပ်တစ်ဖြစ်ပါတယ်။ မာလီနိုင်ငံ၊ မော့ပ်တီဒေသအတွင်းရှိ အိုဂါဆာဂူးကျေးရွာ နေအိမ်တွေထဲက ရွာသားတွေကို သေနတ်သမားတွေက မတိုက်ခိုက်မီက ကျေးရွာကို ၀ိုင်းထားခဲ့ကြတယ်လို့ ဒေသတွင်းအရာရှိတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဖူလာနီမျိုးနွယ်စုအသိုင်းအဝန်းကို အဓိကပစ်မှတ်ထား ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မျိုးနွယ်စုတွေနဲ့ ဂျီဟတ်တို့ရဲ့ အကြမ်းဖက်တာတွေ ပိုမိုများပြားလာတာနဲ့ ပတ်သက်ပြီး မာလီနိုင်ငံမှာ လက်တလောရှိနေတဲ့ ကုလသမဂ္ဂသံကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး သေဆုံးသူတွေဟာ သေနတ်တွေ ဓားတွေနဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်းလုံခြုံရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

Ref : Reuter/ BBC Photo : AFP

 

#voiceofmyanamr #နိုင်ငံတကာသတင်း #ဂျီဟတ် #မာလီနိုင်ငံ

Related posts

Leave a Comment

VOM News

FREE
VIEW