လွတ်လပ်ရေး ကြိုးပမ်းမှုမှာပါခဲ့သူ ပြည်သူ့ရဲဘော်ဦးမျိုးထွဋ် ကွယ်လွန်

 

မေမြို့ မတ် ၂၅-၂၀၁၉

ဦးမျိုထွဋ် (ခ) ရဲဘော် သက်ပြင်း(အဘ-ဦးဘိုးငွေ) အသက်(၉၂)နှစ် ဟာ ၂၅.၃.၂၀၁၉ မနက် ၅:၄၅ မှာ ကွယ်လွန်ခဲ့ပ်တယ်။ အသက် (၁၄)နှစ်ကတည်းက စတင်၍ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်သော ပြည်သူ့ရဲဘော်အဖွဲ့ချုပ်မှာ နောက်ဆုံး အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ကိုကိုးကျွန်းတွင် (၃)နှစ်ကျော် အကျဉ်းကျခဲ့ပြီး နောက်ဆုံး ကိုကိုးကျွန်းဖျက်သိမ်းသည်အထိ အစာငတ်ခံ တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ကိုကိုးကျွန်းဖျက်သိမ်းပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်အကျဉ်းကျခဲ့ပြီး ကျွန်းပြန်များတွင် နောက်ဆုံးမှ လွတ်မြောက်လာခဲ့တာပါ။

မဆလ ၊နဝတ ၊ နအဖ စစ်အာဏာရှင်ခေတ် တလျှောက်လုံး မည်သည့်စစ်အာဏာရှင်နှင့်မှ ပူးပေါင်းခဲ့ခြင်းမရှိခဲ့ပဲ အစဉ်ထာဝရ ပြည်သူလူထုဘက်မှ ရပ်တည်ကာ လယ်သမားအကျိုးပြု ဆောင်းပါးများ နိုင်ငံရေးဆောင်းပါးများ နိုင်ငံအကျိုးပြု ဆောင်းပါးများကို သက်ပြင်း(ရမည်းသင်း) ဗိုလ်မျိုးထွဋ်(ကိုကိုးကျွန်းပြန်) ကလောင်အမည်များဖြင့် ရေးသားခဲ့ပါတယ်။

မလညပ ( မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေးပါတီ) ရဲ့ ဗဟိုကော်မတီဝင်လည်း လုပ်ခဲ့သူဖြစ်ပါတယ်။

ယနေ့ နံက် ၅:၄၅ တွင် ကွယ်လွန်ခဲ့ပြီး ကြွင်းကျန်သောရုပ်ကလပ်ကို သူ၏ (၉၂)နှစ် မွေးနေ့ဖြစ်သည့် ၂၇ . ၃. ၂၀၁၉. နေ့တွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၇) မြို့ပတ်လမ်း နေအိမ်မှ ကုန်းဘော ရှစ်မိုင်ကုန်း သုဿန်တွင် နေ့လည် (၁)နာရီ၌ ဂူသွင်းသဂြိုလ်မည်ဖြစ်ပါတယ်။

#voiceofmyanmar #လွတ်လပ်ရေး #ဦးမျိုးထွဋ် #မြန်မာနိုင်ငံအလုပ်သမားညီညွှတ်ရေးပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW