အကယ်ဒမီပေးပွဲ ဝေဖန်တာတွေကို အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းပြောပြီ

 

ရန်ကုန် မတ် ၂၆- ၂၀၁၉

သင်းသဒ္ဒါ

 

မြန်မာ့ရုပ်ရှင်ထူးချွှန်ဆု အကယ်ဒမီပေးပွဲကို မတ် ၂၃ ရက်မှာ ကျင်းပခဲ့ပြီး ဆုပေးပွဲပြီးနောက် ဝေဖန်တာတွေနဲ့ပတ်သက်လို့ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်ပါတယ်။

”ကျွန်တော်တို့ဆီမှာ ပရိသတ်ကတော့ မျိုးစုံရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်ချင်း တူမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါ။သေသေချာချာတာ တစ်ခုကတော့ ကျွန်တော်ထက် ဆရာဦးကြည်စိုးထွန်း လည်း ပြောသွားပြီ ဖြစ်ပါတယ်။လူပေါင်း ၄၅ ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့ မရအောင် ကျွန်တော်တို့ စီစဉ် ထားတာဖြစ်ပါတယ်။ ၄၅ ဦးကတော့ သူတို့ရဲ့ ဆန္ဒအလျှောက် ပေးကြတာလည်း ဖြစ်ပါတယ်။ စုစည်းပြီး အ မှတ်ပေါင်း ပေးချင်ပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ အဆင့်ဆင့် ကြည့်ရှုကြတာ ဖြစ်ပါတယ်။ အကယ်ဒမီနဲ့ လွဲချော်သူတွေကလည်း မတော်ဘူးတော့ မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ကြည့်ချိန်မှာ နှာတဖျားနဲ့ အသာရသွားတဲ့ သူများသာလျှင် ဒီနှစ် အကယ်ဒမီ ဆုကို ရသွားတာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကလည်း မတော်လို့တော့ မဟုတ်ပါဘူး ”လို့ ဆိုပါတယ်။

 

ဆုရွေးချယ်ရေး အကဲဖြတ်များ၏အမြင် မှာတော့ ကျွန်တော်တို့ အကဲဖြတ်တဲ့အပေါ်မှာ လူကြီး၊လူငယ်၊ လူလတ်ပိုင်းတွေ အကုန်ပါပါတယ်။ လူငယ်များကိုလည်း အထူးသဖြင့် ဖိတ်ကြားပါတယ်။ လူငယ်များကလည်း မလုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ လူငယ်များက လက်ရှိမှာ အလုပ်လုပ်နေကြရပါတယ်။ ဒါကတော့ ရက်ပေါင်း ၁၀၀ ကြည့်ရှုရတဲ့ တာဝန်ကြီးလည်း ဖြစ်ပါတယ်။ အခမဲ့ ကြည့်ရှုကြရတာပါ။ ဒီအတွက် The Generation Gap ပုံစံတော့ မဖြစ်နိုင်ပါဘူး ။ ခေတ်နဲ့အညီ သိနေတဲ့ လူကြီးတွေလည်း အများကြီး ရှိပါတယ်လို့ သိရပါတယ်။

 

အကယ်ဒမီ စာရင်းပေါက်ကြားတာနဲ့ ပတ်သက်ပြီး ”အရေးယူဖို့ ဆောင်ရွက်တာက အတွင်းစည်းကပေါက်ကြားသွားတာလား။ဒါကို စိစစ်နေပါတယ်။ အတွင်းစည်း ကပေါက်ကြားသွားတယ်ဆိုရင် ဒီလူကိုနောင်ကို မသုံးတော့ပဲ Blacklist စာရင်းထဲ ထည့်ရမှာ ဖြစ်ပါတယ်။ အတွင်းစည်းက ပေါက်ကြားတာ မဟုတ်ပဲ အပြင်ကနေ ကွင်းထဲရောက်မှာ ပေါက်ကြားတာဆိုရင်တော့ ဘယ်ရ ပေါက်လဲဆိုတာ စုံစမ်းရ ခက်သွားပါပြီ။ ကျွန်တော်တို့ အနေနဲ့ နောင်ကိုဒီထက် ကျဉ်းကြပ်တွေ စည်းမျဉ်းတွေ ချမှတ်ဖို့စဉ်းစားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #အကယ်ဒမီ #ဇင်ဝိုင်း #ရုပ်ရှင်အစည်းအရုံး

Related posts

Leave a Comment

VOM News

FREE
VIEW