ညမထွက်ရအမိန့်ထုတ်ပြန်မယ့် ညွှန်ကြားချက်စာရွက်ပေါက်ကြားမှုအပေါ် အရေးယူမယ်လို့ ရဲတပ်ဖွဲ့ပြော

စစ်တွေ၊ ဧပြီ ၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ညွှန်ကြားချက်စာတစ်စောင်ဟာ ပေါက်ကြားခဲ့ပြီး မနေ့က ဧပြီလ ၁ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီညွှန်ကြားချက်စာရွက်ဟာ တရားဝင် အမိန့်ထုတ်ပြန်တာမျိုး မရှိသေးဘဲ အခုလိုပေါက်ကြားမှုတွေဖြစ်ပွားခဲ့တဲ့ စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်ပြီး အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲ့မှူးကြီးကြည်လင်းကပြောပါတယ်။

 

“ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့တော့မသိသေးဘူး။ တရားဝင်အကြောင်းကြားတာလည်းမရှိသေးဘူး။ ခင်ဗျားတို့သိတဲ့ဟာရှိရင်လည်း ကျွန်တော်တို့ဆီကို လှမ်းပို့ပေးပါ။ အဲ့ဒီစာရွက်က ဘယ်ကနေလာတာလဲဆိုတာကို ကျွန်တော်တို့ ဒီကနေ စိစစ်မယ်။”လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကပြောပါတယ်။

 

အဲ့ဒီညွှန်ကြာချက်မှာ စစ်တွေခရိုင်အတွင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်၊ မြောက်ဦးခရိုင်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ဖို့အတွက်ညွှန်ကြားထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ စိစစ်မယ်။ အစိုးရသတင်းဌာနကပဲပေါက်ကြားတာလား။ ဘယ်ကနေ ပေါက်ကြာတာလဲ။ မဟုတ်ဘဲနဲ့ဆိုရင်တော့ တရားစွဲမယ်။ ဟုတ်တယ်ဆိုရင်လည်း ပေါက်ကြားတဲ့လူကို လျှို့ဝှက်ချက် ဥပဒေနဲ့အရေးယူရမှာ။ ကျွန်တော်တို့မှာက တရားဝင်ဘာမှမရှိသေးဘူး။”လို့ ရဲမှူးကြီးကပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်အတွင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ဖို့အတွက် ပြင်ဆင်ရတာဟာ ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားနေတာကြောင့် ဖြစ်တယ်လို့ အဲ့ဒီညွှန်ကြားချက်မှာ ရေးသားပါရှိတာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #မင်းပြား #ညမထွက်ရ #ပုဒ်၁၄၄

 

Related posts

Leave a Comment

VOM News

FREE
VIEW