ကလေးမြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဝန်းထဲကအဆောက်အဦး မီးလောင်မှုဖြစ်ပွား

 

ကလေး ဧပြီ ၄-၂၀၁၉

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သဇင်ရပ်ကွက် နယ်မြေ (၄) မှာ ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းက အဆောက်အဦးတစ်လုံး ဧပြီလ ၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန် ၀န်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးကနေ သိရပါတယ်။

အင်ဗာတာအပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နာရီဝက်ကျော် အကြာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ဒီမီးလောင်မှုကြောင့် ရိုမန်ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းမှာ ရှိတဲ့ ကျမ်းစာသင်တန်းကျောင်း အိပ်ဆောင် ၃ ထပ်ဆောင် ရဲ့ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် စုစုပေါင်း ငွေကျပ် ကိုးသိန်းရှစ်သောင်းကျော် တန်ဖိုးရှိတဲ့ မျက်နှာကြက် ကြမ်းခင်းနဲ့ နံရံအကာတွေ ပျက်စီးခဲ့တယ်လို့ ကလေးခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်စန်း က ပြောပါတယ်။

“ဘုန်းတော်ကြီး တစ်ပါးတည်းနေတာ။ကျောင်းပိတ်ထားတတော့ ကလေးတွေ လဲ မရှိကြဘူး။ဝါယာကြိုးတွေကို မျက်နှာကြက်မှာ ပိုက်တန်း နဲ့ မရိုက်ပဲ ဒီအတိုင်း တန်းတွေမှာ ကပ်ရိုက်ထားတယ်။မီးအားမြှင့်စက် နဲ့ အင်ဗာတာနဲ့ကလည်း ကပ်ထားတဲ့ နေရာက သစ်သားအုပ်နံရံ ဆိုတော့ အင်ဗာတာ ပူလွန်းတော့ ၀ါယာလျော့ဖြစ်ပြီး ဒီလောက်ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဒီလို မီးလောင်ကျွမ်းခဲ့တာကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း တာဝန်ရှိသူ ဘုန်းတော်ကြီး ပေါင်ကမ်မုန်(၆၅) နှစ် (ဘ)ဦးကမ်ကျင့်ထန် ကို ကလေးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #မီးလောင် #ကလေး #ရိုမန်ကက်သလစ်

Related posts

Leave a Comment

VOM News

FREE
VIEW