သူရဦး​ရွှေမန်းရဲ့ “ပြည်​​ထောင်​စု​ကောင်းကျိုး​ဆောင်​ပါတီ” ကော်မရှင်က တည်​​ထောင်​ခွင်​ပြု

 

နေပြည်တော်   ဧပြီ၎-၂၀၁၉

ကိုထွန်း(VOM)

 

သူရဦးရွှေမန်းဦးဆောင်ဖွဲ့စည်းနေတဲ့ “ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကနေ ဖွဲ့စည်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ပါတီရဲ့CEC.အဖွဲ့ကို သူရဦး​ရွှေမန်း၊ ဦး​ကျော်​စန်း ​ဒေါက်​တာခင်​​မောင်​​ဆွေ၊ ဒေါက်​တာခင်​မြလွင်​၊ ဒေါက်​တာစိုးမိုး​အောင်​၊ဦး​စောလှထွန်း၊ဦး​ဌေး၊ဦးတင်​​မောင်​ဦး၊ဦးဘိုဝင်း၊၊ဦးဘုန်း​ဆွေ၊ဦးမြင့်​​ဆွေ၊ ဦးမြင့်​ထွန်း၊ ဦးမြတ်​သိန်းထွန်း၊ဦးရဲမြင့်​၊၊ဦးဝင်းသန်း၊၊ဦးဝင်းဦး၊၊ဦးသိန်းဝင်း၊ဦး​အေးဟန်​၊ဦး​အောင်​မြင့်​ တို့နဲ့ ဖွဲ့စည်း ထား​တယ်လို့ သိရပါတယ်။

 

ရွေးကောက်ပွဲကော်မရှင်ကနေ ခွင့်ပြုတယ်လို့ အကြောင်းကြားခဲ့တဲ့အတွက် ပါတီရဲ့တံဆိပ်​၊ အလံ၊ ပါတီမှတ်​ပုံတင်​​ရေးကိစ္စ​တွေနဲ့ပတ်သက်ပြီးတော့ ​ဧပြီလလေးရက်​​နေ့ မနက်​ပိုင်းက ပါတီဥက္ကဌသူရဦး​ရွှေမန်းရဲ့ နေအိမ်​မှာ အစည်းအ​ဝေးပွဲကျင်းပ​ခဲ့တယ်လို့ သိရပါတယ်။

သူရဦး​ရွှေမန်းအ​နေနဲ့  “ချစ်​ခင်​​လေးစားရပါ​သော.ပြည်​သူလူထုကြီးခင်​ဗျာ.ယ​နေ့ကျွန်​​တော်​တို့နိုင်​ငံမှာအမျိုးသားရင်​ကြား​စေ့​ရေးနဲ့ ဒီမိုက​ရေစီဖက်​ဒရယ်​နိုင်​ငံထူ​ထောင်​​ရေးအပါအဝင်​အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး စတဲ့ အ​ရေးကြီးတဲ့ တိုင်းပြည်​ရဲ့အခန်းကဏ္ဍ​တွေမှာ တကယ်​အလုပ်​လုပ်​နိုင့်​မယ့်​ ၊ပြည်​သူကိုတကယ်​​စေတနာထား​ဆောင်​ရွက်​မယ့်​ ပြည်​​ထောင်​စု​ကောင်းကျိုး​ဆောင်​ကျဉ်းနိုင်​မယ့်​ လူပုဂ္ဂိုလ်​၊ပါတီ၊အဖွဲ့အစည်းမျိုးကို ပြည်​သူများက ပြည်​သူ့အားနဲ့ဝိုင်းဝန်းချီး​မြှောက်​​ပေးကြဖို့အချိန်​​ရောက်​ပါပြီလို့ အကြံပြုတင်​ပြလိုက်​ရပါ​ကြောင်း” ဖေ့ဘုတ်စ် စာမျက်​မျက်​နှာကနေ တိုက်​တွန်းထားပါတယ်။

#voiceofmyanmar #ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ #သူရဦးရွှေမန်း #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW