ဝေလံခေါင်ဖျားတဲ့အရပ်တွေက လမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပံ့ပိုးပေး

 

ဧပြီ ၅-၂၀၁၉

ဂျန်​ကိုးလ်

 

ပဲခူးတိုင်းအတွင်းတိုင်းရင်းသားတွေ ​နေထိုင်တဲ့​​ဝေးလံအရပ်​​​​တွေမှာ ရှိတဲ့လမ်း​​တွေကို​ ပဲခူးတိုင်း​၂၈မြို့နယ်​ရဲ့လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ စုပေါင်းတိုင်ပင်ပြီး ၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်​မှာကျပ်​သိန်း၂၀၀၀ဘိုးခန့်​ ပံ့ပိုး​ပေးခဲ့တယ်​လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်​တိုင်းရင်းသားဝန်​ကြီး​နော်​ပွယ်​​စေးထံကသိရပါတယ်​။

“တိုင်းရင်းသားတွေက ဝေးလံခေါင်းဖျားတဲ့ဒေသတွေမှာ နေတာများတယ်။နောက်ပြီးတော့ ဖွံ့ဖြိုးမှုလည်း နောက်ကျတော့ လမ်းပမ်းဆက်သွယ်ရေး​ကြောင့်​ နောက်ကျတာဖြစ်တဲ့တွက် သွားရေးလာရေးတွေ အဆင်ပြေအောင် ကျောင်းသားကျောင်းသူတွေ ကျောင်းသွားကျောင်းလာအဆင်ပြေအောင် ပံပိုးပေးတာ ဖြစ်တယ်”လို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးနော်ပွယ်စေးကပြောပါတယ်။

သူတို့ ​ပံ့ပိုးပေးတဲ့လမ်း​​တွေဟာ အဓိကအနေနဲ့ ကျေးလက်လမ်းဦးစီးဌာနက လုပ်ဆောင်ပေးတဲ့ သတ်မှတ်ထားတဲ့ ဒီဇိုင်း၊ စံချိန်စံညွှန်းတွေမှာ ပါဝင်နိုင်ခြင်း ​​မရှိတဲ့ လမ်းအကျယ် ပေနည်းနေတဲ့ လမ်းတွေ၊ ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းတွေ၊ ရွာလယ်လမ်းတွေ ကို ပံ့ပိုးပေးပြီး ဒေသခံပြည်သူတွေကိုယ်တိုင် ပူပေါင်းပါဝင်တဲ့ပုံစံ နဲ့ ပံ့ပိုးကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်​။

ပဲခူးတိုင်းဒေသကြီးမှာ ကရင်၊ ချင်း၊ တိုင်းရင်းသားတွေ နဲ့ ပအို့၊ ရှမ်း၊ ရခိုင်အပြင်​​တခြား တိုင်းရင်းသားမျိုးနွယ်စုတွေ လည်း ​နေထိုင်​ကြပြီး ကရင်တိုင်းရင်းသားတွေနဲ့ ချင်းတိုင်းရင်းသားတွေမှာ ပဲခူးရိုးမ၊ရခိုင်ရိုးမပေါ် တို့မှာ​နေထိုင်​ကြ​တဲ့အတွက်​လမ်းပန်းဆက်​သွယ်​​ရေးလိုအပ်​နေသေးတယ်လို့ သိရပါတယ်​။

#voiceofmyanmar #ပဲခူးတိုင်း #တိုင်းရင်းသား #လွှတ်တော်ကိုယ်စားလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW