၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူအင်အား တစ်ထောင်ကျော်နဲ့ ဆန္ဒထုတ်ဖော်

ကလေး ဧပြီ ၆-၂၀၁၉

မိုင်ချယ်ရီ(VOM)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား တစ်ထောင်ကျော် နဲ့ ဒီနေ့ ကလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ “ပုဒ်မ ၅၉(စ) ဖျက်မည့်သူ ဒို့ရန်သူ ဒို့ရန်သူ ၊ ပြည်ပ ပထွေးမျှော် အဖေတော်ချင်သူများအား ချေမှုန်းကြ ချေမှုန်းကြ ၊တိုင်းရင်းသား မဟုတ်သူ သမ္မတ ဖြစ်မည့် အကြံ ဒို့လက်မခံ ဒို့လက်မခံ ၊အမျိုးသားလုံခြုံရေး အတွက် ၅၉(စ) မပြင်ဆင်ရေး ဒို့အရေး ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေ နဲ့ ကြွေးကြော်ပြီးတော့ မနက် ၈ နာရီ အချိန်ခန့်ကနေ နေ့လယ် ၁၁ နာရီ အချိန်ထိ ကလေးမြို့ အတွင်းမှာ ရှိတဲ့ လမ်းမကြီးတစ်လျှောက် ကလေးမြို့နယ် အမျိုးသားအင်အားစုများ ကနေ ဦးဆောင်ပြီးတော့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီဟာက ဘာလို့ မပြင်ဆင်ရေးလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရေးဆွဲခင်က လမ်းညွန်ခဲ့တဲ့ စာ ရှိပါတယ်။၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရေးဆွဲ ခဲ့ကြစဉ်က အလွန်ပင်အရေးကြီးတဲ့ အခြေခံမူတစ်ခု အဖြစ် ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီအချက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ အခါနိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာ စောင့်သိမှု အပေါ် ဇဝေဇ၀ါ ဖြစ်နိုင်သူ များနှင့် နိုင်ငံခြား တွင် အမြဲနေထိုင်ခဲ့သူများ မြင့်မားသည့် နိုင်ငံရေး ရာထူး အဆင့်များ ရယူခွင့် မရှိရလေအောင် ဥပဒေအရ တားမြစ်ထားရမယ်လို့ အသေအချာ အတိအလင်း ပြောကြားခဲ့ပါတယ်။ဒါကို ကျွန်တော်တို့ လိုက်နာတာ ဖြစ်ပါတယ်” လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ ဦးအောင်မိုး က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ “ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတွေရဲ့ အရည်အချင်းများ ဆိုတဲ့ ပုဒ်မ ၅၉(စ) မှာတော့ မိမိကိုယ်တိုင်သော်လည်ကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်ကောင်း ၊မိမိ၏ ဇနီး သိုမဟုတ် ခင်ပွန်းသော်လည်ကောင်း ၊မိမိ၏ တရာဝင် သားသမီးတစ်ဦးဦးသော်လည်ကောင်း ၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်ကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်ကောင်း ၊တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်ကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုပြီး ဥပဒေပြု ပြဌာန်းထား ပါတယ်။

 

#voiceofmyanmar #၂၀၀၈ခြေဥ #ခြေဥမပြင်ဆင်ရေး #ပုဒ်မ၅၉(စ)

Related posts

Leave a Comment

VOM News

FREE
VIEW