ဈေးချိုကို သင်္ကြန်ကာလအတွင်း မီးဘေးနဲ့ဖောက်ထွင်းဝင်ရောက်တာတွေ မရှိစေဖို့ လုံခြုံရေး နေ့/ညဆောင်ရွက်သွားမယ်

 

မန္တလေး၊ ဧပြီ ၈-၂၀၁၉

ဟိန်းကို(VOM)

မန္တလေးမြို့က အဆင့်မြင့် ဈေးချိုတော်ကြီးကို သင်္ကြန်ကာလ ဈေးပိတ်ရက်တွေမှာ မီးဘေးအန္တရာယ် နဲ့ ဖောက်ထွင်းဝင်ရောက်မှုတွေ မရှိစေရေးအတွက် နေ့/ည လုံခြုံရေး ချထားပြီး ဆောင်ရွက်သွားမယ်လို့ ဈေးချိုတော် ဈေးအကျိုးတော်ဆောင်အဖွဲ့ကနေ သိရပါတယ်။

“ဈေးအကျိုးတော်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ နယ်မြေခံရဲတပ်ဖွဲ့၊ ဈေးချို မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ က ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၊ ဈေးအကျိုးတော်ဆောင် အဖွဲ့ စတဲ့အဖွဲ့ လေးဖွဲ့ကနေ နေ့/ည တာဝန်ခွဲပြီးတော့ ဈေးကြီးရဲ့ မီးဘေးအန္တရာယ် နဲ့ ဖောက်ထွင်းဝင်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်သွားမှာပါ” လို့ အဆင့်မြင့်ဈေးချိုတော် နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်း က ပြောပါတယ်။

အရင်က မူခင်းဖြစ်ရပ်ွေ  မဖြစ်ပွားခဲ့ပေမယ့်လည်း ဈေးကြီးတစ်ခုမှာ မီးဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာရင် ပျက်စီးဆုံးရှုံးမှု အလွန်များပြားတဲ့အတွက် အခုလို နေ့/ည လုံခြုံရေး ဆောင်ရွက်ထားမှာဖြစ်ပါတယ်။

မန္တလေး ဈေးချိုတော်ကြီးကို သင်္ကြန်ကာလ ဈေးပိတ်ရက်အဖြစ် ဧပြီ ၁၂ ရက် ကနေ ဧပြီ ၁၉ရက်နေ့အထိ ၈ရက်တိတိဈေးပိတ်သွားမှာဖြစ်ပြီး ဈေးသူဈေးသားတွေကို ခေါ်ယူညှိနိုင်းပြီး ဈေးပိတ်ရက်ကို သက်မှတ်ခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #ဈေးချိုတော် #သင်္ကြန်ပိတ်ရက် #မီးဘေး

Related posts

Leave a Comment

VOM News

FREE
VIEW