အိမ့်ချစ်ရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ

“အိမ့်ချစ်ဒီနှစ် သင်္ကြန်အတွက် အဖွဲ့လိုက် သီချင်းလေးတွေတော့ သီဆိုထားတယ်။သင်္ကြန်အတွက်သီးသန့် တစ်ကိုယ်တော်တော့ မထွက်တော့ပါဘူး။သင်္ကြန်သီချင်းတွေ အရမ်းများနေလို့ပါ။ကိုယ့် မြန်မာ့ရိုးရာအတာ သင်္ကြန်အတွက် ၇ ရက်သားသမီးပျော်ရွှင်အောင် သီချင်းတွေဖျော်ဖြေသွားမှာပါ။ငယ်ငယ် က သင်္ကြန်ဆိုရင် လျှောက်လည် ၊မဏ္ဍပ်တွေ လည်းထိုင်ဖူးပါတယ်။လမ်းထဲမှာ ရေတွေပက်ဖူးတယ်။အိမ့်ချစ် အသက် ၁၅ နှစ်အရွယ် ထဲကတောက်လျှောက် သီချင်းတွေ သီဆိုခဲ့ တာပါ။ သူများတွေ သင်္ကြန်လျှောက်လည်တာကို အိမ်ထဲကခေါင်းလေးထွက်ကြည့် ရတယ်။ကိုယ့်က ဖျော်ဖြေဖို့ အတွက်မိတ်ကပ်တွေပြင်ထားတော့ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်တော့ အိမ့်ချစ်ရုပ်က မလှမပပြီး ပါသွားဆိုး လို့လေ။သင်္ကြန်တွင်း ရေစိုခံလို့မရဘူး။ဘယ် သူတွေ့တွေ့ ရေမလောင်းနဲ့နော် ဆံပင်ကို မထိနဲ့နော် မိတ်ကပ်ကို မထိနဲ့နော်လို့ ပြောရတယ်။အဓိက နေပူတယ်ရေစိုရင် အိမ့်ချစ်တို့ အသံမထွက်တော့ဘူး။ရေသိပ်အစိုခံလို့ မရ ဘူးပေါ့။အင်းယား လမ်းလျှောက်သင်္ကြန် အပြင် နေရာစုံပေါ့ အိမ့်ချစ်ဆိုမယ့် မဏ္ဍပ်မှာမောင်လေး ဂျူနီယာချစ်ကောင်းနဲ့ အတူ သီချင်းတွေ ဆို မှာပါ။”

#voiceofmyanmar #အိမ့်ချစ် #နှစ်သစ်ဆုတောင်း

Related posts

Leave a Comment

VOM News

FREE
VIEW