ဆီဘောက်ဆာအတွင်း ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား လူ(၃)ဦး  မီးလောင်

ကသာ ဧပြီ ၁၁-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

 

စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ချမ်းသာကျေးရွာအနီး ဆီခြံမှာ ဧပြီလ (၁၁)ရက်နေ့ နေ့လည်(၁၁း၄၅)အချိန်က လောင်စာဆီ သယ်ယူတဲ့ ဆီဘောက်ဆာ အတွင်း ဆီဖြည့်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့တယ် လို့  လူ ၃ဦးမီးလောင်ခံရတယ်လို့ သိရပါတယ် ။

 

ကသာမြို့နယ် အောင်ချမ်းသာကျေးရွာ အနီးက ဘီအိုစီကုမ္ပဏီပိုင် ဆီခြံအတွင်း ယာဉ်အမှတ် MDY – 9F/8719  UD အမျိုးအစား ၁၂ဘီးယာဉ် ဂါလံ ၄၀၀၀ ဆံ့ ဆီဘောက်ဆာ အတွင်းကို ကိုကိုမောင် ဦးဆောင်တဲ့ ဆီခြံအလုပ်သမားတွေက ဆီဖြည့်နေကြချိန်မှာ ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ကိုကိုမောင် (၂၈ နှစ်) ၊ ထွန်းဝေ (၂၁ နှစ်) ၊ တင်ဖြိုးအောင် (၂၃ နှစ်) တို့ဟာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ် ။

လောင်ကျွမ်းတဲ့မီးကို ပြည်သူလူထု နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ဒဏ်ရာ ရရှိသူတွေကို ဆေးရုံပို့ခဲ့ပါတယ် ။ မီးလောင်မှုဖြစ်စဉ်ကြောင့် ဆီဖြည့်ခြင်းကို ပေါ့ဆစွာပြုလုပ်ပြီး အခြားသူတွေကို ဒဏ်ရာရရှိခဲ့စေသူ ကိုကိုမောင် (၂၈ နှစ်) ကို (ပ)၁၂၃/၂၀၁၉  ရာဇသတ်ကြီးပုဒ်မ – ၂၈၅/၃၃၇  နဲ့ အရေးယူဆောင်ရွက်ထားတယ် လို့ ကသာမြို့မရဲစခန်း က ပြောပါတယ် ။

 

#voiceofmyanmar #ကသာ  #အောင်ချမ်းသာ #ဆီဘောက်ဆာမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW