ရန်ကုန် သင်္ကြန် အကြို နဲ့ အကျ ၂ရက်တင် လူနာ ၂၅၀ကျော်ရောက်ပြီး သေသူ လေးယောက်ရှိခဲ့

ရန်ကုန် ၊ ဧပြီ ၁၅

TGH (VOM)

သင်္ကြန်အကြိုနေ့နဲ့ အကျ နေ့နှစ်ရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရောက်ရှိခဲ့တဲ့အတွင်းလူနာနဲ့ပြင်ပလူနာပေါင်း ၂၅၇ ဦးရှိပြီး သေဆုံးသူ ၄ ယောက်ရှိခဲ့တယ်လို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ချက်အရသိရပါတယ်။

အကြိုနေ့မှာဆိုရင်  ပြင်ပလူနာ အဖြစ်အမျိုးသား   ၆၇ ဦး ၊အမျိုးသမီး  ၃၄ ဦးရှိခဲ့ပြီး အတွင်းလူနာအဖြစ် အမျိုးသား   ၄၀ ဦးနဲ့အမျိုးသမီး   ၄ ဦးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်ရှိခဲ့ပါတယ်။

 

သင်္ကြန်အကျနေ့မှာက ပြင်ပလူနာ အဖြစ်အမျိုးသား   ၉၂ ဦး ၊အမျိုးသမီး  ၄၁ ဦးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်ရှိခဲ့ပြီး အတွင်းလူနာအဖြစ် အမျိုးသား   ၅၈ ဦးနဲ့အမျိုးသမီး   ၁၅ ဦးရှိတဲ့အပြင် အမျိုးသား ၄ ဦးသေဆုံးမှုရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW