အတက်နေ့ကရေနစ်တဲ့အမျိုးသမီးသုံးဦးအလောင်းယခုထိရှာဖွေမရ

ဧပြီလ ၁၇ ရက် -၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း ၊ ပြည်မြို့ ၊ ကမ်းနားလမ်းမှာရှိတဲ့ ခေတ္တရာဧရာပန်းခြံနောက်က ဧရာဝတီမြစ်မှာ ရေဆင်းချိုးတဲ့ အမျိုးသမီးငယ်သုံးဦး ဧပြီလ ၁၇ ရက်နေ့ သင်္ကြန်အတက်နေ့မနက် ၁၀ နာရီခန့်ကရေနစ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအခြေအနေထိ အလောင်းအားရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်းသိရပါတယ် ။

 

” မနက်ကျွန်တော် ၁၀ နာရီလောက်ကကြားတော့ ကျွန်တော်ချက်ချင်းရောက်လာတယ်ဗျာ့ မြတ်စေတနာပရဟိတ သူရိန်ကျော်စိုးဝင်း ရေယာဉ်အုပ်စုက ရေယာဉ်မှူးနဲ့အပေါင်းအပါတွေ ကျွန်တော်တို့အတိုင်းအတာတစ်ခုထိပေါ့ နောက်ပြီးတော့ဗဟိုမီးသတ်က ကယ်ဆယ်ရေးအဖွဲ့တွေနှစ်ချက်ထိုးလောက်ထိကြိုးစားပမ်းစားရှာပေးတယ်ဗျာ့ အဲ့ဒီ့အချိန်ထိပိုင်ရှင်မသိရဘူး ” ဟု ကျောင်းကြီးအိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကဟြေပါတယ် ။

 

မိန်းကလေးငယ်သုံးဦးသည် ပြည်မြို့ သံန္ဒေပင်ရပ်မှာနေထိုင်သူ သုံးဦးဖြစ်ကြောင်းသိရပါတယ် ။ ကမ်းစပ်တွင်ရေမကူးခင်ထားခဲ့သော အမျိုးသမီးစီးဖိနပ်သုံးရံ ၊ အမျိုးသမီးဝတ်အင်္ကျီတစ်ထည်နဲ့ အိတ်နှစ်လုံးတွေ့ရှိခဲ့ပြီး ရဲသက်သေအဖြစ်သိမ်းယူသွားခဲ့ကြောင်းသိရပါတယ် ။ အလားတူ သင်္ကြန်အတက်နေ့ နေ့လည် ၁၂ နာရီခန့်က ပြည်မြို့တဖက်ကမ်းရှိ ရွှေဘုံသာမုနိဘက်ရှိ ဧရာဝတီမြစ်တွင် အမျိုးသားတစ်ဦးရေနစ်ခဲ့ပြီး ယခုလက်ရှိထိ အလောင်းအားပြန်လည်ရှာဖွေမတွေ့ရှိသေးကြောင်းသိရပါတယ် ။

#voiceofmyanmar #ပြည် #ရေနစ်အလောင်း၃လောင်းရှာမတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW