ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရန်ဂမ် သမ္မတလွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်

မန္တလေး၊ ဧပြီ ၁၇-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရမ်ဂမ် ဟာ နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နေ့လယ်ပိုင်းက လွတ်မြောက်ခဲ့ပါတယ်။

ဦးမရန်ဂမ်နဲ့ ခေါင်းဆောင် ၃ဦးဟာ ၂၀၀၀ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး တဦးကတော့ ထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။ ဒီနေ့ ဦးမရန်ဂမ်လိုပဲ မုံးကိုးဒေသကာကွယ်ရေးတပ်ရဲ့ ဒုဥက္ကဌ ဦးဇော်လဟာလည်း မြင်းခြံထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။

ဦးမရန်ဂမ်ထောင်ကလွတ်အပြီး ဘာပြောသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုဟိန်းကိုက မေးမြန်းတင်ဆက်ထားပါတယ်။

#voiceofmyanmar# မန္တလေး#ဦးမရန်ဂမ် #လွတ်ငြိမ်းချမ်းသာ

Related posts

Leave a Comment

VOM News

FREE
VIEW