TikTok အက်ပလီကေးရှင်းကို အိန္ဒိယနိုင်ငံမှာ ပိတ်ပင်လိုက်ပြီ

ဒေလီ၊ ဧပြီ-၁၇ ၊ ၂၀၁၉

မျိုးဆက် (VOM)

 

အက်ပဲနဲ့ ဂူဂဲလ်ကုမ္ပဏီတို့ဟာ အိန္ဒိယနိုင်ငံရှိ ၎င်းတို့ရဲ့ အက်ပလီကေးရှင်းစတိုးတွေက ဗီဒီယိုဖန်တီးဖို့နဲ့ မျှဝေဖို့ သုံးစွဲသူတွေကို ခွင့်ပြုထားတဲ့ TikTok အက်ပလီကေးရှင်းကို ဖယ်ရှားလိုက်ပါတယ်။

TikTok အက်ပလီကေးရှင်းကို ညစ်ညမ်းမှုတွေဖြန့်ဝေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ မဒရက်တရားရုံးချုပ်က အမိန့်ချလိုက်ပြီးနောက် အက်ပဲနဲ့ ဂူဂဲလ်ကုမ္ပဏီတို့က TikTok အက်ပလီကေးရှင်း ကို တားဆီးပိတ်ပင်လိုက်တာဖြစ်ပါတယ်။

TikTok အက်ပလီကေးရှင်းကို ပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ရဲ့အယူခံကို အိန္ဒိယတရားရုံးချုပ်က ဧပြီ ၁၆ ရက်မှာ ငြင်းပယ်လိုက်ပြီး အမိန့်ကိုလိုက်နာဖို့ ညွှန်ကြားထားပါတယ်။

အိန္ဒိယနိုင်ငံမှာ TikTok သုံးစွဲသူဦးရေ သန်း ၁၂၀ကျော်အထိရှိနေပါတယ်။ ဒါပေမယ့် မသင့်လျော်တဲ့ အကြောင်းအရာတွေမျှဝေတာနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်နေရပါတယ်။

TikTok ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိတ်ပင်တားမြစ်ထားပြီး ကလေးငယ်တွေရဲ့အချက်အလက်တွေကို တရားမ၀င် စုဆောင်းမှုနဲ့ အမေရိကန်မှာလည်း ဒါဏ်ငွေရိုက်ခြင်းခံခဲ့ရပါတယ်။

မဒရက်တရားရုံးချုပ်က ချမှတ်လိုက်တဲ့ အမိန့်မှာတော့ TikTok[m ညစ်ညမ်းမှုတွေကို အားပေးအားမြောက်ပြုပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ အားနည်းချက်များရှိတာကြောင့် TikTok အက်ပလီကေးရှင်းကို မြေပြင်အခြေအနေမှာပါ လက်တွေ့ ပိတ်ပင်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းထားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပြီ ၂၂ ရက်မှာ ထပ်မံကြားနာမှာဖြစ်ပါတယ်။

Ref : BBC Photo :Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW